(Zawgyi)
ကိုကို့ တိုက်ခန်းရှေ့အောက်ကိုရောက်နေပြီဖြစ်ပေမယ့် သူအပေါ်မတတ်ရဲသေးဘူး။
မနေ့ညတည်းက ပြောရမယ့်စကားတွေကို တစ်ညလုံး စဉ်းစားထားပြီးပေမယ့် သူဘာမှမသိတော့ဘူး။စိတ်တွေလှုပ်ရှားနေတာက စာမေးပွဲဖြေရတော့မယ့်လူလိုပဲ။
သူကိုကို့အရှေ့မှာ ဘယ်သူ့ကိုမှမကြိုက်ခဲ့မိတာက တော်တော်ဆိုးတာပဲလို့ တွေးမိလိုက်တယ်။
နည်းနည်းပါးပါးသာအတွေ့အကြုံရှိထားရင် ဖွင့်ပြောဖို့ ဒီလောက်စိုးရိမ်နေမိမှာမဟုတ်ဘူး။" ဘယ်လိုလုပ်မလဲ ဘယ်လိုလုပ်မလဲ ! ဟူးး ဟူးး အဆင်ပြေမှာ အဆင်ပြေမှာပါ နော် ~ Eeee "
အထပ်မြင့်အဆောင်အဦအောက်မှာ Donghyuck ဟာ တစ်ယောက်တည်း စကားတွေပြောပြီး ခုန်ဆွခုန်ဆွဖြစ်နေတယ်။
နောက်ဆုံးမှာတော့ ကောင်လေးက ကိုယ့်ကိုယ်ကိုယ်အားပေးပြီး ဓာတ်လှေကားဆီဦးတည်လိုက်တော့တယ်။* Teee ! *
အခန်းရှေ့ကို သွားနေတဲ့ Donghyuck ရဲ့ ခြေလှမ်းတွေက ပေါ့ပါးမယောင်နဲ့ တစ်ဖက်ကလည်း လေးလံနေတယ်။
သူဟာ ကောင်းတဲ့အဖြေကိုလည်း စိတ်ကူးယဉ်ခဲ့သလို သူ့အတွက်ဝမ်းနည်းရမယ့် အဖြေကိုလည်း စဉ်းစားခဲ့ပါတယ်။သေချာပေါက် ကိုကို့ကိုရွေးချယ်ခိုင်းဖို့အဖြေကို Yes or Yes ပဲဆိုပြီး လုပ်ချင်ခဲ့ပေမယ့် ဘာဖြစ်ဖြစ် သူက ကိုကို့ဆုံးဖြတ်ချက်ကို လေးစားမှာပါ ~ ။
ဘဲလ်ခလုပ်ကို နှိပ်ပြီးနောက် သူဟာ နောက်ဆုံးတစ်ကြိမ် သက်ပြင်းချလိုက်ပြီး ပြုံးပြုံးနဲ့ ကိုကို တံခါးလာဖွင့်မှာကို စောင့်နေလိုက်တယ်။
သိပ်မကြာခင်မှာပဲ တံခါးဟာပွင့်သွားခဲ့ပြီး ချစ်ရသူရဲ့ကြည်လင်နေတဲ့ မျက်နှာလေးကို တွေ့လိုက်ရတယ်။
အဲ့ဒီမျက်နှာလေးကို တွေ့လိုက်ရခြင်းမှာပဲ သူ့ရဲ့ လေးလံနေတဲ့နှလုံးသားက ချက်ချင်းဆိုသလို ခုန်ပေါက်လာခဲ့တယ်။ကိုကိုက သူ့ကိုပြုံးပြလာပြီး တံခါးကိုအပြည့်ဖွင့်ပေးလာတယ်။
အခန်းထဲဝင်လိုက်တာနဲ့ စိတ်လှုပ်ရှားမှုတွေ လေးလံမှုတွေမရှိတော့ဘဲ သူဟာတည်ငြိမ်သွားရသည်။
YOU ARE READING
B.A.C.K • MH ( Complete )
Fanfiction- 𝘐𝘧 𝘸𝘦 𝘵𝘢𝘬𝘦 𝘢𝘸𝘢𝘺 𝘵𝘩𝘦 𝘱𝘢𝘪𝘯, 𝘤𝘢𝘯 𝘸𝘦 𝘦𝘷𝘦𝘳 𝘣𝘦 𝘩𝘢𝘱𝘱𝘺 𝘢𝘨𝘢𝘪𝘯?