( Zawgyi )
ကိုကိုဟာ " ချစ်ကြည့်ဖို့ ကြိုးစားပါ့မယ် " ဆိုတဲ့ စကားကို အမှန်တကယ် တည်ခဲ့ပါတယ်။
နောက်တစ်နေ့မှာတော့ ကိုကိုက Note စာအုပ်တစ်အုပ်ကို Donghyuck ကိုပေးလာပြီး Donghyuk ကြိုက်တဲ့အရာတွေကို ချရေးထားဖို့ပြောသည်။အတူတူနေ့လည်စာစားဖို့ချိန်းထားပြီး Donghyuck က နောက်ကျနေရင် Note စာအုပ်ထဲကအတိုင်း ကိုကိုက Donghyuck ကြိုက်တာတွေကို မှာထားပေးလေ့ရှိတယ်။
အဲ့လိုအချိန်လေးတွေကို သူဘယ်လိုကြည်နူးလို့ ကြည်နူးမိမှန်းမသိ။
သူတို့ပုံစံက ချစ်သူတွေသာ မဖြစ်သေးတာ ချစ်သူတွေလို အခြေအနေပါပဲ။ဘယ်နေ့ ဘယ်ရက်မှာ အဖြေပြန်ပေးမယ်ဆိုတာမျိုးမဟုတ်ပဲ သူ့အပေါ် ချစ်ပေးနေတာနဲ့တင် လုံလောက်နေပြီ။
သူကတော့ ဒီလတွေအတွင်းမှာ ကိုကို့ကို ပိုချစ်လာရတယ်။
ကိုကိုနဲ့ ပတ်သတ်တဲ့အရာတွေ အကုန်လုံးက သူ့အတွက်တော့ မြတ်နိုးစရာတွေချည်း။
ဆံပင်လေးတစ်မွှေးကစလို့ ခြေဖျားတွေအထိ အီမင်ဟျောင်း ဖြစ်နေလို့ကို သဘောကျရတယ်။တစ်လပြီးတစ်လ ကုန်ဆုံးသွားတဲ့အခါ ချမ်းအေးတဲ့ ဆောင်းရာသီကို ရောက်လာပြီဖြစ်တယ်။
သူလွန်ခဲ့တဲ့ တစ်လလုံး ကြိုးစားပြီး လုပ်ထားခဲ့တဲ့ အညိုရောင် သိုးမွှေးနဲ့ မာဖလာလေးဟာလည်း ပြီးသွားခဲ့ပြီ။
ကျောင်းပိတ်ရက်ဖြစ်တာမို့ သူနဲ့ ကိုကိုက အပြင်မှာပဲတွေ့ဖြစ်ကြတယ်။လမ်းထိပ်နားက ကလေးကစားကွင်းလေးက ဆောင်းရာသီဖြစ်တာမို့ လာကစားမယ့် ကလေးတွေသိပ်မရှိပဲ တိတ်ဆိတ်နေတယ်။
အညိုရောင် လက်ဆောင်ဘူးလေးကို ပိုက်ပြီး Donghyuck ဟာ ကိုကို့ကို စောင့်နေတယ်။
အချိန်အားဖြင့် ညနေ ၆နာရီ၃၅မိနစ် ။သူကပဲ လောနေသလား ကိုကိုကပဲ နောက်ကျနေသလား။
ဖုန်းဆက်တော့မယ် အပြင်မှာပဲ အဝေးကနေကိုကိုပြေးလာတာကို သူလှမ်းတွေ့လိုက်တယ်။စိတ်ဆိုးပြီး ရစ်ပစ်မယ်လို့ တွေးထားသမျှက ကိုကို့နဖူးပေါ်က ချွေူတွေကို တွေ့ပြီး ပျောက်ကွယ်သွားရတယ်။
YOU ARE READING
B.A.C.K • MH ( Complete )
Fanfiction- 𝘐𝘧 𝘸𝘦 𝘵𝘢𝘬𝘦 𝘢𝘸𝘢𝘺 𝘵𝘩𝘦 𝘱𝘢𝘪𝘯, 𝘤𝘢𝘯 𝘸𝘦 𝘦𝘷𝘦𝘳 𝘣𝘦 𝘩𝘢𝘱𝘱𝘺 𝘢𝘨𝘢𝘪𝘯?