( Zawgyi )
' ချစ်ခြင်းတရားတွေက လှပတယ်။ အချစ်ဟာ လှပတယ်။ '
ဒီလိုမျိုး သဘောတရားတွေကို ဘယ်သူက ချမှတ်ခဲ့သလဲ။Relationship တစ်ခုရဲ့ အခတ်ခဲဆုံး အချိန်ဟာ တစ်ယောက်နဲ့တစ်ယောက် အချိန်မပေးနိုင်ခြင်းပဲ။
အဲ့ဒီအခါ တစ်ဦးတစ်ယောက်တည်းကိုပဲ လက်ခံပါတယ် ဆိုပြီး သော့ခတ်ပိတ်သိမ်းထားတဲ့ နေရာလေးကလည်း တဖြေးဖြေး လစ်ဟာလာရတယ်။နှစ်လနဲ့ဆယ့်ငါးရက် .. ။
သူနဲ့ ချန်းနီး အဆက်အသွယ်မရှိတာ နှစ်လနဲ့ဆယ့်ငါးရက် ရှိပြီဖြစ်တယ်။အဲ့အချိန်တွေမှာ ကျောင်းကိစ္စနဲ့ အပြင် မင်ဟျောင်းဟာ မဖိတ်ခေါ်ပဲ ရောက်လာတဲ့ ဧည့်သည်ကိုလည်း ဧည့်ခံနေရတယ်။
ပြက္ခဒိန်ပေါ်က အပြာရောင် အမှတ်အသားနဲ့ ရက်စွဲတွေကတော့ သူနဲ့ ချန်းနီး တွေ့ဖြစ်တဲ့ ရက်တွေပဲ။
လက်ချိုးရေလို့ လက်ငါးချောင်းတောင် မပြည့်တဲ့ ရက်စွဲတွေပေါ့။ဒီရက်တွေထဲ ပြောင်းလဲသွားတာက Luna ပဲဖြစ်မယ်။
Luna ဟာ နောက်တစ်ခါ သူ့ကို စိတ်ယိုင်အောင် လုပ်နေပြန်တယ်။
အမှန်တိုင်းပြောရရင် ယုံကြည်ချက်မရှိဘူး။
အချစ်ဦး မမည်တဲ့ အချစ်ဦး မို့ သူဟာပိုလို့ စိုးရိမ်ရတယ်။
သူ နောက်တစ်ခါ ချန်းနီး ကို ထားမသွားချင်ဘူး။_____
အရင်လိုမဟုတ်ပဲ သူက စာလေးတွေ ရေးဖြစ်လာတယ်။
ကိုကို့ နဲ့ တွေ့ရင် ဒီစာလေးတွေ ပေးမယ်။
ကိုကို နဲ့ မတွေ့ဖြစ်တဲ့ ရက်တွေမှာ သူဘယ်လို ဖြတ်သန်းခဲ့သလဲဆိုတာတွေ။ကိုကို မပါဝင်တဲ့ သူ့တစ်နေ့တာက ခြောက်ကပ်ကပ်နိုင်ပေမယ့်
ပင်ပန်းတဲ့ လေ့ကျင့်မှုတွေကြားမှာ သူဟာ ကိုကို့ကို မလွမ်းမိတဲ့ အချိန်ဆိုတာ မရှိသလောက်ပဲ။စစချင်းတွေ့တည်းက သူဟာ ဒီလူသားကို စက္ကန့်နဲ့မလပ် သူနဲ့အတူရှိစေချင်တာ ဖြစ်တယ်။
လှပတဲ့ မျက်လုံးဝိုင်းဝိုင်းတွေကို အမြဲကြည့်နေချင်ပြီး သူဘာပြောပြော ဘေးကနေ ကြည့်နေပေးတဲ့သူကို တစ်ဘ၀လုံး သူ့ဘေးနားရှိစေချင်တယ်။
YOU ARE READING
B.A.C.K • MH ( Complete )
Fanfiction- 𝘐𝘧 𝘸𝘦 𝘵𝘢𝘬𝘦 𝘢𝘸𝘢𝘺 𝘵𝘩𝘦 𝘱𝘢𝘪𝘯, 𝘤𝘢𝘯 𝘸𝘦 𝘦𝘷𝘦𝘳 𝘣𝘦 𝘩𝘢𝘱𝘱𝘺 𝘢𝘨𝘢𝘪𝘯?