( Zawgyi )
လွန်ခဲ့တဲ့ ၆နှစ် ~
အထက်တန်းကျောင်းသားလေးတွေဖြစ်တဲ့ ကောင်လေးတွေက
စက်ဘီးတစ်ယောက်တစ်စီးနဲ့ သောကြာနေ့ ကျောင်းဆင်းတိုင်း ဟန်မြစ်နားကို လာတတ်ကြတယ်။အဲ့လိုသာမန်သောကြာနေ့တွေထဲကမှ တစ်ရက်တည်းသော သောကြာနေ့က သူနဲ့စတွေ့တဲ့နေ့ ။
အရင်နေ့တွေတုန်းက အတူလာနေကြ သူငယ်ချင်းတွေကလည်း မပါလာပဲ သူတစ်ယောက်တည်းသာ ရှိနေသည်။
သူတစ်ယောက်တည်း ထိုင်ခုံမှာနားနေတုန်း မျက်စိထဲထင်းခနဲဝင်လာခဲ့တဲ့ ထိုလူ။
သူနဲ့ဆင်တူ ကျောင်းဝတ်စုံကြောင့် ကျောင်းအတူတူပဲဆိုတာသိလိုက်သည်။
ထိုနေ့က သူ့နှလုံးသားထဲကို ထိုလူဟာ တစ်ခါတည်းနဲ့ သူမသိလိုက်ဘာသာပဲ ၀င်ရောက်လာခဲ့သည်။ကျောင်းပိတ်ရက် နှစ်ရက်ကုန်ဆုံးသွားတဲ့အခါ သူဟာ ကျောင်းကို စောစောရောက်လာခဲ့တယ်။
ကျောင်းမှာတော့ သူ့အပြုံးတွေကို အလိုလိုဖြစ်ထွန်းစေမယ့် တစ်ခုတည်းသော အကြောင်းပြချက်လေးရှိနေပြီလေ။စီနီယာတန်းဘက်ကို သွားရင်း သူ့ရဲ့ နတ်သားလေးကို ဝေ့၀ိုက်ရှာနေမိတယ်။ ဘာလို့ စီနီယာတန်းကိုရွေးရလဲဆိုရင် သူတို့နဲ့ရွယ်တူကျောင်းသားတွေထဲမှာ သူမသိတဲ့သူမရှိဘူး။ အဲ့တာကြောင့် စီနီယာတန်းကဖြစ်မယ်ဆိုတာ သူတန်းပြီးခန့်မှန်းမိတယ်။
ဒုတိယထပ်ကိုရောက်သွားတဲ့အခါမှာတော့ သူဟာ သူ့နတ်သားလေးကိုတွေ့လိုက်ရပြီဖြစ်တယ်။မျက်မှန်လေးနဲ့ သူ့ရဲ့နတ်သားလေးဟာ အရှေ့ဆုံးတန်းရဲ့ အလယ်တည့်တည့်မှာထိုင်တယ်။ ကြည့်ရတာ စာတော်တဲ့ကောင်လေးဖြစ်ပုံပါပဲ။
သိချင်တာကိုသိလိုက်ရပြီဖြစ်တာမို့ ဒုန်ဟျောခ့်ဟာ လွယ်ထားတဲ့ လွယ်အိတ်ကြိုးလေးကိုကိုင်ရင်း မြောက်ကြွမြောက်ကြွနဲ့ သူ့အတန်းရှိရာဆီပြန်လာလိုက်တယ်။
- မလှပတဲ့ ဇာတ်သိမ်းဖြစ်မယ်မှန်း သိခဲ့ရင် ကျွန်တော် ကိုကို့ကို လိုက်မရှာခဲ့ဘူး။
ဒုန်ဟျောခ့်ဟာ နောက်ရက်တွေမှာလည်း အဲ့နေ့လိုပဲ ကျောင်းကိုစောစောလာပြီး စီနီယာတန်းဘက်သွားကာ သူ့နတ်သားလေး အခန်းရှေ့ဝေ့လည်ကြောင်ပတ်လုပ်လုပ်နေတာ နှစ်ပတ်ခန့်ရှိပြီဖြစ်တယ်။
သူ့နတ်သားလေးကတော့ သူ့ကို သတိမထားမိလောက်ဘူး ထင်ပါရဲ့။
YOU ARE READING
B.A.C.K • MH ( Complete )
Fanfiction- 𝘐𝘧 𝘸𝘦 𝘵𝘢𝘬𝘦 𝘢𝘸𝘢𝘺 𝘵𝘩𝘦 𝘱𝘢𝘪𝘯, 𝘤𝘢𝘯 𝘸𝘦 𝘦𝘷𝘦𝘳 𝘣𝘦 𝘩𝘢𝘱𝘱𝘺 𝘢𝘨𝘢𝘪𝘯?