( Zawgyi )
စားပွဲပေါ်က ကော်ဖီခွက်ရဲ့ အငွေ့တွေက တထောင်းထောင်းထနေပေမယ့် ပတ်ဝန်းကျင်ရဲ့ အအေးဓာတ်ကြောင့် အလျှင်အမြန်ပဲ အေးစက်သွားရတယ်။
တစ်ယောက်နဲ့တစ်ယောက် မျက်နှာချင်းဆိုင် ထိုင်နေကြပေမယ့် အကြည့်တွေက ထိုအေးစက်စက်ကော်ဖီခွက်ဆီမှာ .. ။
ကော်ဖီ အေးစက်သွားတဲ့အထိ ဘာစကားမှမပြောဖြစ်ကြသေးတဲ့ သူတို့ .. ။" ကိုယ် .. တောင်းပန်ပါတယ် "
အကြာကြီးနေမှ ထွက်လာတဲ့ သူ့ရှေ့ကလူဆီက ထွက်လာတဲ့ စကားတစ်ခွန်း။
ဘာကိစ္စကြောင့် တောင်းပန်ရတာလဲ။
ထားခဲ့တဲ့အတွက်လား။ဘာစကားမှပြန်ပြောမလာတဲ့ သူ့ကို ဘယ်လိုထင်သွားမလဲမသိပေမယ့် အခုချိန်မှာသာ သူစကားပြောလိုက်မယ်ဆိုရင် အက်ကွဲနေတဲ့ သူ့ရဲ့အသံကို ကြားရလိမ့်မယ်။
ရက်တွေအများကြီး ငိုထားရလို့ သူ့အသံတွေဟာ နားထောင်ချင်ဖွယ်ရာမရှိ။
သူက မျက်စိရှေ့က တောင်းပန်နေတဲ့လူရဲ့ မျက်နှာလေးကို မကြည့်နိုင်ဘူး။ ထိုလူ့မျက်နှာကိုမြင်တာနဲ့ သူက အရူးလို ဆွဲထားလိုက်မိမယ်ထင်တယ်။
" ချန်းနီး .. ကိုယ် တကယ် စိတ်မကောင်းပါဘူး
အရင်တည်းက ကိုယ့်ကိုယ်ကိုယ် သေချာသုံးသပ်ပြီးမှ ချန်းနီးကို ပြောထဲ့သင့်တာ အခု ကိုယ့်ကြောင့် .. ကိုယ့်ကြောင့် ချန်းနီးက .. "" ဘာဖြစ်လို့လဲ ~ "
ဆိုင်ထဲ ၀င်ဝင်လာချင်းတစ်ခေါက်ကလွဲလို့ အခုတစ်ခါက မင်ဟျောင်းကို သူပထမဆုံးကြည့်မိခြင်းပဲ။
လည်ချောင်းထဲကထွက်လာတဲ့ အက်ကွဲကွဲအသံကို ကြားတဲ့အခါ ထိုလူက အံ့သြတယ်။" ကျွန်တော်က ဘာဖြစ်လို့လဲ အဆင်ပြေတယ် ကျွန်တော်လုံးဝအဆင်ပြေတယ် တောင်းပန်စရာမလိုပါဘူး
လုံးဝ လုံးဝ တောင်းပန်စရာမလိုဘူး .. "Minhyung ရှေ့က ကောင်လေးဟာ သူ့ဘာသာ အဆင်ပြေတယ်ပြောနေပေမယ့် မျက်ဝန်းထဲမှာ အရည်ကြည်လေးတွေလဲ့လာတယ်။
မျက်ရည်တွေကျနေပေမယ့် ပြုံးပြီး သူအဆင်ပြေတယ်ချည်းပြောနေတဲ့ ကောင်လေးကြောင့် သူ့ကိုယ်သူ အပြစ်တင်မိပြန်တယ်။
YOU ARE READING
B.A.C.K • MH ( Complete )
Fanfiction- 𝘐𝘧 𝘸𝘦 𝘵𝘢𝘬𝘦 𝘢𝘸𝘢𝘺 𝘵𝘩𝘦 𝘱𝘢𝘪𝘯, 𝘤𝘢𝘯 𝘸𝘦 𝘦𝘷𝘦𝘳 𝘣𝘦 𝘩𝘢𝘱𝘱𝘺 𝘢𝘨𝘢𝘪𝘯?