#unicode
#zawgyiတီးလုံးသံတွေနဲ့ ဆူညံနေတဲ့ Dayout Club
ဒီကလပ်ထဲမှာ ခိုပြာရောင် ဆံပင်ရှည်ရှည်ပျော့ပျော့လေးတွေယိမ်းနွဲ့တဲ့အထိ ကခုန်နေတဲ့အမျိုးသားငယ်ဟာ တစ်လောက လုံးကို ဂရုမစိုက်တဲ့ ပုံဖမ်းထားလို့...။
အားလုံးရဲ့အကြည့်စူးစူးတွေကလည်း ထိုကောင်ငယ်လေးရဲ့ sexy ကျစွာ ကခုန်နေတဲ့
ခန္တာကိုယ်ထပ်ကိုသာ ကျရောက်နေသည်။ဒီကလပ်ထဲရှိပုရိသတွေရဲ့အကြည့်တွေကို သိမ်းပိုက်နိုင်တဲ့အထိ ဖမ်းစားထားတဲ့ ထိုအမျိုးသားကဘယ်သူလဲ...။
"နိုင်း"
ခေါ်သံနဲ့အတူ သူရဲ့ခါးပေါ်သို့ရောက်ရှိလာတဲ့ လက်နုနု တစ်ဖက်...။
နိုင်း မဲ့ပြုံး ပြုံးလိုက်မိတယ်...။
သိပ်မကြာပါဘူး...ထိုကောင်လေးရဲ့ လက်တစ်ဖက်က သူရဲ့သက်တော်စောင့် တစ်နည်းအားဖြင့် သူ့ကိုထိန်းချုပ်ထားတဲ့အဖိုးကြီးရဲ့ လူတွေရဲ့ လက်ထဲမှာစိစိညှပ်ညှပ်ကျိုးမတတ်ဖြစ်သွားချေပြီ...။
၃စက္ကန့်အတွင်း သူရဲ့ ဘေးပတ်လည်မှာလည်း လူဆယ်ယောက်လောက်က ဝန်းရံပြီးနေပြီ..။"သခင်လေး..."
"လွှတ်လိုက်..."
အမိန့်အာဏာဆိုတာ သူထံမှာမရှိသော်ငြား
ထိုကောင်လေးကိုသူစိတ်မဝင်စားသော်ငြား
ဟိုလူစိတ်အနှောက်အယှက်ဖြစ်ရမယ်ဆိုရင်
နိုင်းက ဘာမဆို လုပ်ပစ်ဖို့အဆင်သင့်ပဲ..။
ဘာလို့လဲဆိုရင် ထိုကောင်လေး အပေါ် နိုင်းရဲ့ကာကွယ်ပေးမှုက သူအတွက်တော့ အူပွစရာပဲလေ...။နိုင်းကလည်း ပျော်ပျော်ကြီးလုပ်နေမှာပဲ..။
ထိုလူ စိတ်အနှောက်အယှက် နှမ်းစိလောက်ဖြစ်ရင်ကို နိုင်းတို့က ဝမ်းသာအားရပဲ..။
ထို လူတွေကတော့သူ့ကို ဘာမှပြန်မပြောပဲ
ကောင်လေးရဲ့ လက်တွေကို သာပိုပိုလိမ်ချိုးနေသည်။ကျစ်...။
စိတ်ပျက်စရာပဲ...။
"Armar လွှတ်လိုက်..."
"ကျွန်တော်တို့သခင်ကြီးရဲ့ အမျိုးသားကို ထိတဲ့ဘယ်သူကိုမဆို သတ်ပစ်ဖို့ထိပါ အမိန့်ရထားပါတယ် သခင်လေး..."
YOU ARE READING
Darling...He is my husband