#unicode
#zawgyiအရက်တစ်ခွက်ကို မျက်ဝန်းများ မှေးစင်းတဲ့ အထိ smart ကျကျသောက်နေသောကောင်လေး...။
ဖရိုဖရဲ နဲ့သူ့ပုံစံ၊ အင်္ကျီ ကြယ်သီးများကို ဖွင့်ဟထားလျှက်နှင့် Eyelinner ထူထူ ဆိုးထားတဲ့မျက်ဝန်းတွေ ထိုမျက်ဝန်းတွေကိုအုပ်ကျမတတ်ထိ ဖုံးလွှမ်းချင်တဲ့ ဆံနွယ်တွေ၊ အားလုံး ခြုံငုံကြည့်မယ်ဆိုရင် ထိုအမျိုးငယ်ရဲ့ လှပ မှု ၊ ဆွဲဆောင်မှုတွေဟာ အရက် အရှိန်ကြောင့် နည်းနည်းလေးတောင် မလျှော့ပါးသွား..။VVip အခန်းထဲမှာမို့ အပြင်မှာ ဆူညံနေတဲ့ တေးသံတွေဟာ သူတို့အခန်းထိကိုမရောက်ရှိလာဘဲ အေးဆေး စွာစကားပြောနိုင်တဲ့ Clubထဲမှ နေရာတစ်ခုပင်...။
"မောင်ကမူးနေပြီလား..."
မျက်ဝန်းတွေမှေးစင်းနေတဲ့ သူ့ရဲ့ပခုံးကို နူးညံ့စွာသိုင်းဖက်ပြီး မေး ခွန်းထုတ်လာတာကတော့
နိုင်းရဲ့ လတ်လတ်ဆက်ဆက်ချစ်သူလေး...။သူ့က်ို သိုင်းဖက်လာတဲ့ လက်ကို ပြန်လည် အုပ်မိုးပြီး ချစ်စဖွယ်ကောင်းတဲ့ သွားတတ်လေးများ ပေါ်တတ်တဲ့ အထိပြုံးပြလိုက်တဲ့ နိုင်း.။
"အဟက်...ကိုယ်မမူးသေးဘူး...ကိုယ်မင်းကိုအများကြီးပြန်နမ်းလို့ရသေးတယ်..."
နိုင်းရဲ့ အပြုံး လေးနဲ့ချစ်စဖွယ်စကားလေးကြောင့်သဘောကျသွားတဲ့ ကျွန်းဆွယ်ကတော့ တအားကိုအသည်းယားပြီးပခုံးလေးကို ပိုကာ ဆွဲညစ်လိုက်ပြီးကလူကျီဆယ်နေသည်။
အချစ်တွေကပိုမိုလွန်ကဲလာတဲ့အခါ စွဲမက်ဖွယ်အပြုံးလေးတွေဖန်တီးတတ်တဲ့ ကျွန်းဆွယ်ရဲ့ နှုတ်ခမ်းဖျားကို အနမ်းတစ်ချို့ မျိုးစေ့ချရန် ဖြေးညှင်းစွာတိုးကပ်လာခဲ့လိုက်သည်။
ခဏခဏ သူထိတွေ့ဖူးပေမယ့် ထိတွေလေ စွဲမက်လေ ဖြစ်နေဆဲ ကျွန်းဆွယ် ရဲ့ နှုတ်ခမ်းအိစက်စက်လေးတွေမှာ ဒီအချိန်မှာတော့ ဝီစကီအရှိန်ကြောင့် ပိုမိုရစ်မူးစေသလိုပင်...။
ကျွန်းဆွယ်ရဲ့အနမ်းတွေကို ဆွဲဆောင်မှုရှိစွာပြန်လည်တုံ့ပြန်နေတဲ့အခါ အသက်ရှူသံတွေဟာပြင်းထန်လာပြီးနိုင်းရဲ့ ရူးသွပ်မှုတွေဟာ ကျွန်းဆွယ်ရဲ့ လည်တိုင်ထက်တွင် အမှတ်အသား တစ်ခုအဖြစ်မှတ်တိုင်ထူလိုက်သည်။
YOU ARE READING
Darling...He is my husband