#unicode
#zawgyi"ဖေဖေ့ကိုပြန်ခေါ်ပေး...အီးဟီး....ဖေဖေကိုပြန်ခေါ်ပေးပါ"
လူကြီးလေးလိုလိမ္မာလှတဲ့သားရဲ့စိုးသွမ်းမှုဟာ သူ့ရဲ့ဖေဖေဖြစ်သူထွက်သွားတဲ့အချိန်မှာစတင်ဗီဇပြလာသည်။
ပထမတစ်ရက်နှစ်ရက်က ငြိမ်ငြိမ်လေးနဲ့တစ်မျှော်မျှော်ဖြစ်နေသည်။
နောက်တော့တအီအီနဲ့ အစားက်ုကောင်းကောင်းမစားတော့...။အခုတော့အိပ်ယာပေါ်တွင် လူးလှိမ့်ငိုကျွေးနေပြီးဘာကျွေးတာမှမစားတော့သလို၊ ဘာလေးပဲဝယ်ပေးပေးစိတ်မပြေတော့သည့်ဟန်။
ဘေးတွင်ရပ်နေတဲ့ Arrmar နှင့် အထိန်းတော်တွေကိုလည်း ခေါင်းအုံးနဲ့ ကောက်ပေါက်ကာ တအီးအီးငိုကျွေးနေပြန်သည်။
ဒီနေ့နဲ့ဆို နိုင်းအိမ်မပြန်လာတာ ၁ပတ်ကြာမြင့်နေပြီ။
အရင်ကဆိုအာဏာကိုယ်တိုင်တစ်ကောက်ကောက်လိုက်ပေမယ့် အခုတော့ လူယူံတစ်ချ်ို့ကိုသာနိုင်းရဲ့နောက်ကိုစောင့်ကြည့်ထားခိုင်းသည်။
အထွေအထူးမရှိရင်လည်း သူ့ကိုမပြောဖို့နဲ့အတတ်နိုင်ဆုံး ဖြေရှင်းပေးဖို့သာစောင့်ကြည့်ခိုင်းထားရသည်။
နိုင်းအပေါ်ကိုအာဏာတစ်စစနဲ့သံယောဇဥ်ဖြတ်ဖို့ကြိုးစားနေပြီ။
ချစ်ခြင်းမေတ္တာဟာ တစ်ဖက်သတ်ဖြစ်တဲ့အခါ တစ်ဖက်ကို သတ်မိနေသလိုဖြစ်သွားတဲ့အချိန်
အနာကျင်ရဆုံးဟာနိုင်းသာ ဖြစ်ပေလိမ့်မည်။တစ်အီအီငိုနေတဲ့ သားကိုကြည့်ပြီး အာဏာသက်ပြင်းချမိသည်။
ဒီလူဆိုးလေးဟာ သူ့ဖေဖေရဲ့ ဗီဇအတိုင်းတအားဂျစ်တစ်တစ်နိုင်သောပဲ။
တုတ်ကောက်သံတစ်တောက်တောက်ကြာတော့ သားသားလေးပါငိုရင်းရှိုက်ရင်းမော့ကြည့်လာသည်။
"ငိုရတာမမောသေးဘူးလားမိန့်လေး"
အာဏာသားကိုချစ်စနိုး နဲ့ပြောရင်း ကူတင်ပေါ်တွင်ပုံ့ပုံ့လေးထိုင်နေသောသားရဲ့ဘေးတွင်အာဏာဝင်ထိုင်လိုက်ပြီးသားရဲ့ဆံပင်လေးကိုပွတ်ပေးလိုက်သည်။
သားရဲ့ဘေးတွင်ရပ်နေတဲ့ အထိန်းတော်တွေအားလုံးက်ို Arrmarကအချက်ပြပြီးအားလုံးကိုထွက်သွားခိုင်းလိုက်ပြီး သူကိုယ်တိုင်ပါသခင်ကြီးကိုခေါင်းညွန့်နှုတ်ဆက်ရင်းအခန်းထဲက ထွက်သွားသည်။
YOU ARE READING
Darling...He is my husband