#unicode
#zawgyiလွန်ခဲ့သော ၅နှစ်ခန့်က...။
ဒုန်းဒုန်း.... ။
တိတ်ဆိပ်ငြိမ်သက်နေတဲ့ ပျဉ်ထောင် နှစ်ထပ်အိမ်ပေါ်သို့လူတစ်ဦးဟာလျှင်မြန်စွာ ပြေးတက်လာသည်။
သူရဲ့ ခြေလှမ်းတွေမှာ အရေးကြီးမှုအလျှင်လိုမှုတွေအပြည့်နှင့်..။
ထိုသူရဲ့ခြေလှမ်းအနောက်တွင်လည်း ခြေလှမ်းတစ်စုံဟာ ထပ်ကြပ်မခွါလိုက်ပါလာသည်။Oversea က ပြန်ပြန် လာခြင်း ဝမ်းသာအားရ လွမ်းဆွပ်သတိတရစွာဖုန်းခေါ်လိုက်တဲ့အချိန်ကြားလိုက်ရတဲ့သတင်းဟာ အာဏာ အတွက်တော့ အရူးမီးဝိုင်းလိုဖြစ်စေခဲ့သည်။
ကံကြမ္မာရက်စက်လွန်းသည်။
ဒီတစ်ခေါက်ပြန်လာရင် လက်ထပ်ဖို့ထိ သူတို့နှစ်ဦးစီစဉ်ထားပြီသား၊
နှစ်ယောက်တစ်ဘဝက်ိုတည်ဆောက်ဖို့
ညကတောင်သူပြန်လာဖို့ မျှော်နေကြောင်းပြုံးရွှင်နေခဲ့တဲ့ကောင်လေး...။
သူပြန်လာမယ့်အချိန်ကိုမေးပြီး လေဆိပ်မှာလာကြို ပါရစေလို့တောင်းဆိုလို့တောင် ပင်ပန်းမှာစိုးလို့အာဏာမှာ စိတ်ဆိုးစိတ်ကောက်သမျှချော့မော့ပြီးအိမ်မှာနေဖို့တောင်းဆိုခဲ့ရတာ..။
ထိုအခန်းရှေ့ကို အာဏာ ခဏခဏရောက်ဖူးတယ်.။
နိုင်းရဲ့ အခန်းဆိုတာနဲ့ တင် အာဏာရဲ့ရင်ခွင်သံတွေမထိန်းချုပ်နိုင်လွန်းလို့ အနမ်းဖွဖွလေးကနေတောင် အဆင့်တက်ဖို့မကြိုးစားခဲ့ရတဲ့နေရာ..။ညှိီစို့စို့သွေးနံဆိုတာ အာဏာ အတွက်တော့ယဥ်ပါးခဲ့တဲ့အရာပေမယ့် နိုင်းနဲ့ နိုင်းရဲ့အခန်းနဲ့တော့မသက်ဆိုင်တဲ့အရာပင်...။
အမြဲ ထူးချွန်ထက်မြတ်နေတဲ့ အာဏာချစ်ရတဲ့ကောင်လေးဟာ အနီရောင်မွေ့ယာထက်က အလောင်းနှစ်လောင်းရဲ့အလယ်တွင် မျက်ဝန်းအကြောင်သားနဲ့ ချွန်ထက်နေတဲ့ ဓားဦးချွန်ကိုကိုင်ဆောင်ကာ အသက်မဲ့သူတစ်ယောက်လို ထိုင်နေတဲ့မြင်ကွင်း။ ဒီအိမ်ကိုလာတဲ့တောက်လျှောက်မှာကော အာဏာ ဒီအရာတွေ နားကြားမှားဖို့အိမ်မက်ဆိုး တစ်ခု ဖြစ်ဖို့ အကြိမ်ကြိမ်ဆုတောင်းခဲ့ရတာ။ဒါမယ့် အာဏာ ရဲ့ဆုတောင်းကို ဘယ်နတ်ဘုရားမှဖြည့်စီးပေးရကောင်းမှန်းမသိခဲ့ဟန်။
BINABASA MO ANG
Darling...He is my husband