#unicode
#zawgyiအာဏာတည်စေသော်မရှိတဲ့အချိန် ဖမ်းဝရမ်းနဲ့ အတူ သားငယ်က်ိုခေါ်သွားတဲ့ ဆိုတဲ့ အကြောင်းကြားမှုကြောင့် သားသားကိုခေါ်ဆောင်သွားတဲ့စခန်းကို အမြန်ရောက်ရှိလာသည်။
အမြဲအရိပ်တကြည့်ကြည့် သူစောင့်ရှောက်ခဲ့တဲ့သားငယ်မှာ သူတစ်ချက် သတိလွတ်ဖြစ်သွားတဲ့ အချိန်မှာပဲ က်ိစ္စကြီးတစ်ခုကို လုပ်ဆောင်ခဲ့ပြီးပြီ။
ထိုကိစ္စဖြစ်ပြီးထဲက ဖျားသွားတဲ့ သားငယ်ဟာ သဋကလွဲရင်ဘယ်သူကိုမှအကပ်မခံတော့။
သားသားကဘာတစ်ခွန်းမှမပြောပေမယ့်အမြဲ တက်ကြွနေတဲ့ကလေးဟာ မှိုင်ထွေပြီး ဘာစကားမှမပြောတော့တာဟာသူရင်ထဲ ဘယ်လောက်စိတ်ဒဏ်ရာရနေလဲမမှန်းနိုင်။
ဒီမနက်လည်း သားအိပ်နေတုန်းမို့ အာဏာ U.s ကိုပြောင်းရွှေ့ဖို့ ကိစ္စ ပြင်ဆင်ဖို့ထွက်သွားချိန် သားငယ်က ရဲစခန်းကိုခေါ်ဆောင်သွားခဲရတာပဲ။တောက်...။ ။
အာဏာရဲ့တောက်ခေါက်သံပြင်းပြင်းဟာ ယူကြုံးမရတဲ့စိတ်တွေရယ်၊ခံပြင်းမှုတွေရယ်တွဲဖက်လို့။
သားငယ်ကိုဒီလိုဖြစ်စေတဲ့ ကာယကံရှင်ကတော့
ဘယ်ဆီရောက်နေပြီမှန်းတောင်မသိ။နာကျင်မှုတွေကို အံတင်းတင်းကြိတ်တဲ့အခါ ဒေါသတွေသာ တစ်လှိမ့်လှိမ့်တက်လာသည်။
နိုင်းနဲ့တွေ့ရင်မေးချင်ပါရဲ့မင်းဒီလောက်တောင်အသဲမာနေရသလားလို့။
ဒါမင်းရဲ့သွေးသား မဟုတ်ဘူးလား ပြစ်တင်
မြည်တွန်းမိချင်ရဲ့။စစ်ဆေးရေးရုံးရဲ့ မှန်ဘောင်အခန်းကနေတစ်ဆင့် တွေ့ရတဲ့ သားငယ် လေး။အနွေးထည်ထူထူ အဖျားရှိန်ကြောင့်မျက်နှာရဲရဲလေးနှင့် မျက်ဝန်းမှမျက်ရည်ကြီးပေါက်ကျနေတာကို အသေစိတ်မြင်ရတဲ့ အခါ အာဏာ ရဲ့ အသည်းကို ထပ်ပါးပါးနဲ့မွှန်းနေသလိုပဲ။
3နှစ်အရွယ်သာရှိသေးတဲ့ သားသားဟာဘယ်လောက်တောင်ကြောက်လန့်နေလိုက်မလဲလို့တွေးမိတဲ့အခါ အာဏာ မျက်ဝန်းမှမျက်ရည်ပူကြောင်းဟာ ပါးပြင်ပေါ်ကိုဖြတ်သန်းကျဆင်းလာသည်။အံကိုတင်းတင်းကြိတ်ပြီး ဘေးနားတွင်ရပ်နေသော Arrmar ကိုအားကုန် ထိုးချလိုက်တဲ့အာဏာ။
အရှိန်ပြင်းတဲ့ လက်သီးချက်ကြောင့် Arrmar နှာခေါင်းမှသွေးများစီးကျသလို အာဏာထဲတွင်ကိုင်ထားသော တုတ်ကောက်ပြုတ်ကျသံဟာလည်း ဆင့်ကဲထွက်လာသည်။
YOU ARE READING
Darling...He is my husband