#unicode
#zawgyi"ကလေးက ငယ်ငယ်လေးပဲရှိသေးတာ...Hotel ကိုတစ်ယောက်တည်သွားမလို့လား"
ကားသမား ဦးလေးကြီးက မိန့်လေးကိုမေးခွန်းထုတ်လာတဲ့အခါ မိန့်လေးကိုယ့်လက်ကို ဆုပ်ပြီး လက်သည်းထိပ်လေးတွေကိုဆိတ်ကာ ဘာဖြေလို့ဖြေရမလဲမသိဖြစ်နေမိတယ်။
ဒါမယ့်မိန့်လေးဟန်မပျက်ဘဲ
"ဖေဖေရှိလို့...ဖေဖေကမိန့်လေးကိုစောင့်နေလို့..ဖေဖေကခေါ်ထားလို့.."
မိန့်လေးပိစိလေးလိမ်လိုက်သည်။
ဖေဖေရှိနေတာမှန်ပေမယ့် ဖေဖေက မိန့်လေးကိုတော့မခေါ်ထား။
တော်ကြာမိန့်လေးက ကလေးလေးကဆိုပြီး ကားသမားဦးလေးကြီးက မိန့်လေးကိုမပို့ပေးတော့မှာလည်းကြောက်ပါသည်။ကားသမားဦးလေး ကြီးကဘာမှထပ်မမေးတော့မှမိန့်လေး သက်ပြင်းအသာချမိသည်။
ဒီပုံအတိုင်းဆိုရင်မိန့်လေး ဟိုတယ်ရောက်ရင်လည်း မိန့်လေးကို ကလေးလေးဆိုပြီးအထဲမဝင်ခိုင်းရင်ဘယ်လိုလုပ်ရမလဲ။
မိန့်လေးအကြံထုတ်မှရတော့မည်ပင်။
သိပမကြာခင် မိန့်လေးစီးလာသည့် Taxi ကားသည် Nine ဟုအမည်တပ်ထားတဲ့ ဟိုယတ်ရှေ့တွင် ထိုးရပ်သွားသည်။
"ကဲ..ကလေးပြတဲ့ လိပ်စာရောက်ပြီ၊ ကလေးမှာဖုန်းပါတယ်ဟုတ်၊ ဖေဖေကိုဖုန်းဆက်လိုက်အုံးနော်...ဦးလေးစောင့်ပေးရမလား"
Taxi သမားဦးလေးကြီးက မိန့်လေးကိုသဘောကောင်းစွာ စောင့်ပေးဖို့ပြောပေမယ့် မိန့်လေး ခေါင်းခါပြလိုက်သည်။
ထိုနောက် မိန့်လေး စလွယ်အိတ်လေးထဲမှ တစ်သောင်းတန်တစ်ရွက်ကို ထုတ်ပြီး Taxi သမားဦလေးကြီးကို လက်နှစ်ဖက် နှင့်ရိုရိုသေသေပေးလိုက်သည်။
"မိန့်လေးကိုကောင်းကောင်းမွန်မွန်ပို့ပေးတာ ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ...ပိုက်ဆံတွေအများကြီးရပါစေလို့မိန့်လေး ကဆုတောင်းပေးပါတယ်"
"ဟားဟား မင်းကအလည်လေးပဲကွ..၊ ကားကိုတစ်ယောက်တည်း ငှားစီးရဲတာလောက်တော့ ထူးဆန်းတဲ့ကိစ္စတော့မဟုတ်တော့ဘူး၊ ရော့၅၀၀၀ ပြန်အမ်းငွေ"
BINABASA MO ANG
Darling...He is my husband