5. Pained Tears

6.1K 554 15
                                    

5. Pained Tears

တဖြည်းဖြည်းကျဆင်းလာ​သော မျက်​ရည်​​တွေကို ဖုံးကွယ်​ဖို့ကြိုးစားရင်း BaekHyun ​ခေါင်းကို ငုံ့ထားမိသည်​။ ပုံမှန်​ထက်​ကို ကိုယ်​​ရောစိတ်​ပါ ​လေးလံနာကျင်​​နေ​ပေမဲ့လို့ ​ခြေလှမ်း​တွေကို ခပ်​သွက်​သွက်​​လျှောက်​မိ၏။ လူ​တွေရှိရာ​နေရာ​တွေမှာ သူမျက်​ရည်​မကျချင်​ပါ။ သူအားနည်း​နေတယ်​ဆိုတာကို သူများ​တွေကို မသိ​စေချင်​ပါ။ ​ပျော့ညံ့ခြင်းဆိုတာနဲ့ ​နေသားကျ​နေ​ပေမဲ့ ရှိစုမဲ့စုမာနတစ်​ခုက ရှိ​သေးတာကိုး။

ကျိန်းစပ်​​နေ​သော မျက်​လုံး​တွေကို ခတ်​ရင်း လမ်းကိုကြည့်​​လျှောက်​ကာ သူ​နေထိုင်​ရာ အိမ်​​လေးကိုပဲ​ရောက်​ဖို့ ရည်​မှန်းချက်​ထား​နေမိသည်​။ အိမ်​​ရှေ့မှာ ​သော့ဖွင့်​ဖို့လုပ်​​တော့မှ ​သော့က​မ​တွေ့။ တစ်​​နေရာရာမှာ​တော့ ကျကျန်​ခဲ့ပြီထင်​ပါသည်​။ ​သော့အပိုကလည်း Kris ဆီမှာပဲ ရှိတာမို့...

"ဟာကွာ..."

လက်​သီးကိုကျစ်​ကျစ်​ဆုပ်​ကာ အိမ်​​ရှေ့တံခါးကို အခါခါထိုးချရင်း Baek Hyun ရဲ့ မျက်​လုံးထဲ မျက်​ရည်​အချို့ဖြင့်​ ပြည့်​လျှံလာသည်​။ BaekHyun လက်​ဆစ်​​တွေ ပန်း​ရောင်​သမ်းကာ နာကျင်​လာသည်​အထိ မရပ်​မိ။ ပါးပြင်​တစ်​ခုလုံးလည်း မျက်​ရည်​စ​တွေနဲ့ ​စေးကပ်​စိုရွှဲလို့။ ​နောက်​ဆုံးမှသာ တံခါးကို နဖူးနှင့်​​ဆောင့်​ရင်း မျက်​လုံး​တွေကို မှိတ်​ချမိသည်​။

မုန်းလိုက်​တာ။ Baek Hyun ဘဝမှာ တတိယအမုန်းဆုံးက မျက်​ရည်​ဆိုတဲ့အရာကိုပါ။ သူ့ဘဝမှာ အ​ဖော်​အဖြစ်​အမြဲရှိ​နေတတ်​တဲ့ မျက်​ရည်​ဆိုတာကို Baek Hyun မုန်းသည်​။ မျက်​ရည်​ဆိုတာ သူ့အတွက်​​တော့ ​ပျော့ညံ့ခြင်းရဲ့သက်​​သေ​တွေ။ သူ့ကို လူများအထင်​​သေး​စေတဲ့ အရာ​တွေ။

တတိယအမုန်းဆုံးက မျက်​ရည်​​တွေကိုဆိုရင်​ Baek Hyun ဒုတိယအမုန်းဆုံးက ​ကျေးဇူးတရားပဲ ဖြစ်​မှာပါ။ ဟုတ်​တာပဲ​လေ။ ဒီ​ကျေးဇူးဆိုတာကြီးကို မနိုင်​မနင်းပခုံး​ပေါ်ထမ်းရင်း ထားရာ​နေ၊ ခိုင်းရာ​လုပ်​၊ ​စေရာကို​ ​ခေါင်းညိတ်​နား​ထောင်​ရတာ။ အခု သူကျ​နေရသည့်​ မျက်​ရည်​​တွေက ​ကျေးဇူးတရား​ကြောင့်​ ဖြစ်​လာတာမဟုတ်​လား။ Kris ရဲ့ ​အ​ပြောကိုနာခံမိခဲ့လို့ ဒီလိုမျိုး အနိုင်​ကျင့်​ခံခဲ့ရတာ။

Falling Deeper [BaekYeol/BaeKris]Tempat cerita menjadi hidup. Temukan sekarang