18. Triangle

4.5K 475 18
                                    

18. Triangle?

"ဘာလာလုပ်​တာတုန်း မင်းက?"

Jong In တစ်​​ယောက်​ လက်​ကိုယှက်​ကာ ချိတ်​ထားသည့်​ ဒူး​ပေါ်တင်​ရင်း ​ရှေ့မှာ ထိုင်​​နေသည့်​ Chan Yeol အား မသိချင်ေ​ယာင်​​ဆောင်​ကာ တအံ့တဩ မျက်​နှာထား​လေးနဲ့ ​မေးကြည့်​​တော့ ​"ဒုန်း" ခနဲ အသံနဲ့အတူ ​ဘေးမှာချထားသည့်​ ဆိုဖာတစ်​ခုံ နည်းနည်း​ရွေ့သွားသည်​။ Chan Yeol က ဆိုဖာခုံကို ​ကောက်​က​န်​လိုက်​တာကိုး။ ​ပြီးမှ ​ခြေ​ထောက်​ကို ပြန်​ရုတ်​ရင်း Jong In ကို စား​တော့မလို ဝါး​တော့မလို မျက်​နှာဖြင့်​ ကြည့်​​နေ​၏။

"Baek Hyun နဲ့ မင်းနဲ့ ဘယ်​က ဘယ်​လို သူငယ်​ချင်း ဖြစ်​သွားတာလဲ..."

"မင်းက စိတ်​ဝင်​စားလို့လား..."

"လျှာမရှည်​နဲ့။ ငါ​မေးတာ​ဖြေ။"

Jong in က တစ်​ချက်​ရယ်​ရင်း ပခုံးတွန့်​ပြ​တော့ ခလွမ်းခနဲ အသံတစ်​သံ ထွက်​လာပြန်​၏။ Jong In က ကြမ်းပြင်​​ပေါ်က ဖန်​ကွဲစ​တွေကို ကြည့်​ရင်း အူထဲက ကလိကလိဖြစ်​လာတာကို မျက်​နှာမှာ ​မပေါ်​အောင်​ တည်​ထားရင်း ရယ်​ချင်​လာတာကို မနည်း ထိန်းထား​နေလိုက်​သည်​။

"မင်းငါ့အိမ်​လာတာ ဖျက်​ဆီး​ရေး လာလုပ်​တာလား Chan Yeol."

"​ဟေ့​ကောင်​... Kim Jong In!"

"ဟုတ်​ပါပြီ။ ဟုတ်​ပါပြီ။"

Jong In လက်​နှစ်​ဖက်​ကို ​မြှောက်​ရင်း အရှုံး​ပေးသလို လုပ်​ပြကာ သက်​ပြင်းတစ်​ချက်​ချသည်​။ ပြီးမှ နှုတ်​ခမ်းတစ်​ချက်​ တွန့်​လိုက်​ရင်း...

"ငါက Kim Jong In ပဲဟာ။ ထူးဆန်းလား..."

"​သေချင်းဆိုး... မင်းမ​ပြောရင်​ ငါမင်းကို လည်​ပင်းညှစ်​ သတ်​မိလိမ့်​မယ်​​နော်​။"

Chan Yeol ​ပြောတဲ့အတိုင်း တကယ်​လုပ်​​တော့မှာပါ။ သူကလည်း Kris ကို အ​လျှော့မ​ပေးနိုင်​။ သူငယ်​ချင်းပြန်​လုပ်ဖို့ တစ်​​ယောက်​​ယောက်​က​တော့ ​အောက်​ကျခံရမယ်​ မဟုတ်​လား။ သူက​တော့ ​ခေါင်းငုံ့မှာ မဟုတ်​ဘူး​လေ... ဒါ​ကြောင့်​ Baek Hyun ကလည်း သူ့ကို ​ရှောင်​ဖယ်​​ရှောင်​ဖယ်​နှင့်​။ ဒီ​ရှေ့က အမည်းတုံးနဲ့ သူငယ်​ချင်းဖြစ်​သွားပြီး​တော့ သုံးရက်​အကြာအထိ တကယ်​ပဲ စကားလာမ​ပြော​သေး။ Jong In ဘက်​ လှည့်​ကြည့်​လိုက်​ရင်​ Chan Yeol ဘက်​ဖြစ်​ဖြစ်​၊ Kris ဆီ ဖြစ်​ဖြစ်​ ကြည့်​​နေတတ်​​ပေမဲ့ စကားသွား​ပြောရင်​​တော့ မသိရင်​ အ.​နေသည့်​အလား...

Falling Deeper [BaekYeol/BaeKris]Tempat cerita menjadi hidup. Temukan sekarang