1. Transferring

16.7K 777 12
                                    

A/N: Fic အ​ရှေ့ဆုံးကြီးမှာ ဘယ့်​နှယ်​ note ကြီးတုန်းလို့ ထင်​​နေကြပါလိမ့်​မယ်​။ ဒါ​ပေမဲ့ ကျွန်​​တော်​ ​တောင်းပန်​ချင်​တာ​လေး ရှိလို့ပါ။ ဒီ fic ကို Falling Deeper လို့ နာမည်​​ပေးထားတာ ​ရှေ့က အပိုင်း​တွေအရပါ။ ​နောက်ပိုင်းကျ​တော့ Fic name နဲ့ အ​ကြောင်းအရာနဲ့ ​တော်​​တော်​လွဲ​လာပါတယ်​။ ကိုယ့်​ကိုယ်​ကိုလည်း သိလို့ နာမည်​​ပြောင်းချင်​​ပေမဲ့ အဆင်​မ​ပြေ​တော့လို့ အရင်​နာမည်​ Falling deeper နဲ့ပဲထား​ပါတယ်​။ အဲ့ဒါ​ကြောင့်​ Fic နဲ့ name နဲ့ မကိုက်​တာမျိုးဆိုရင်​ ခွင့်​လွှတ်​​ပေးကြပါလို့...

their story begins now

.................................

1. Transferring

"Omma!"

ပုံမှန်​လိုပဲ ​အော်​သံတစ်​ခုနဲ့အတူ ​BaekHyun  အိပ်​ရာက​နေ နိုးလာမိရဲ့။ ​စောင်​ကိုကျစ်​ကျစ်​ကိုင်​ရင်း အသက်​ကိုပြင်းပြင်းရှူရင်း​ပေါ့။ ​ကျောပြင်​က စိုစွတ်​တဲ့အထိအ​တွေ့​ကြောင့်​ အိပ်​မက်​ဆိုးကြီးကို​တောင်​ Baek Hyun ပြန်​သတိရ​မိ​သေးသည်​။ နာရီကိုကြည့်​လိုက်​​တော့ ​လေးနာရီခွဲပြီ။ ဒီအချိန်​မှ​တော့​​လည်း ပြန်​အိပ်​လို့မရ​တော့ပါဘူး​လေ။

အိပ်​ရာက​နေထရင်း မျက်​နှာမသစ်​ပဲ ​ရေချိုးလိုက်ရသည်​။ မနက်​​အ​စောကြီးဆို​ပေမဲ့ ချိုး​နေကျမို့ မဖြုံကိုမဖြုံ​တော့တာပါ။ ​​ရေချိုးပြီးတာနဲ့ ​အမြန်​အိမ်​က​နေ ​ပြေး​ထွက်​လာခဲ့မိသည်​။ ​တော်​​တော်​ထူသည့်​အ​နွေးထည်​ကို​​ ဝတ်​ထားတာ​တောင်​​ ​မှောင်​မည်း​နေတဲ့ပတ်​ဝန်းကျင်​ထဲ တိုက်​လိုက်​တဲ့ ​လေပြင်း​ကြောင့်​ အရိုးထဲ​တောင်​စိမ့်​​အေးသွားသည်​။

ဒီ​နေ့တနင်္လာ​နေ့ဆို​တော့ Baek Hyun မှာ မနက်ခုနှစ်​နာရီခွဲအထိလုပ်​ရမဲ့ အချိန်​ပိုင်းအလုပ်​ရှိတယ်​​လေ။

ကော်​ဖီဆိုင်​မှာ လုပ်​ရတဲ့အလုပ်​ဆိုတာ သိပ်​​တော့မဆိုးပါဘူး။ တစ်​ခု​တော့ရှိ​တာ​ပေါ့။ မနက်​​ပိုင်းဧည့်​သည်​လာရင်​ မှာတာ​တွေကိုကိုယ်​တိုင်​မှတ်​၊ ကိုယ်​​တိုင်​​ကော်​ဖီ​ဖျော်​၊ ကိုယ်​တိုင်​ချ​ပေးရတာက လွဲရင်​​ပေါ့။

Falling Deeper [BaekYeol/BaeKris]Donde viven las historias. Descúbrelo ahora