19. Complexion

4.8K 444 18
                                    

19. Complexion

"ဪဪ... သူငယ်​ချင်း ဖြစ်​သွားကြပြီ​ပေါ့​လေ။ ဂုဏ်​ယူပါတယ်​။"

Jong In ရဲ့ ခပ်​​လှောင်​​လှောင်​စကား​ကြောင့်​ Kris ​ရော Chan Yeol ​​ရော ရယ်​မိသည်​။ ရယ်​ချင်​လွန်းလို့​တော့ မဟုတ်​။ Baek Hyun ယုံ​အောင်​ သွားဖြဲပြလိုက်​ကြရုံသာပါ။

Baek Hyun က စကားတစ်​ခွန်းမှ မ​ပြော​တော့ဘဲ ငုံ့ပြီး​တော့ပဲ ​နေ​နေသည်​။ Kris က Baek Hyun ရဲ့ ပခုံးတစ်​ဖက်​​ပေါ် လက်​လှမ်းတင်​ရင်း ပြုံးသည်​။

"ကျွန်​​တော်​ ​ကျေနပ်​ပါတယ်​။"

Baek Hyun ထံမှ အသံတိုးတိုး ထွက်​လာ​တော့ Kris နဲ့ Chanyeol မျက်​နှာကလည်း လင်းခနဲ။ Baek Hyun တစ်​ချက်​ပြုံးရင်း ​ဘေးချင်းကပ်​ မတ်​တပ်​ရပ်​​နေတဲ့ Kris ​ရော Chanyeol ​ရောကိုပါ ဖက်​လိုက်​ပါသည်​။ Kris အံ့ဩသွားသလို Chanyeol ခမျာလည်း ပါးစပ်​အ​ဟောင်းသား။

Jong In က ​တော့ အရပ်ရှည်​ရှည်​ ​​ကောင်​​လေးနှစ်​​ယောက်​ရဲ့ ​နောက်​ဘက်​မှာ မတ်​တပ်သွားရပ်​ကာ လက်​မ​ထောင်​ပြ၏။ ဒါ​တွေအားလုံးက သူ့အကြံ​ပေကိုး။ Baek Hyun က​တော့ ပခုံးနှစ်​ဖက်​ အလယ်​က​နေ Jong In ကို တစ်​ချက်​ပြုံးမဲ့မဲ့ လုပ်​ပြ​လေသည်​။

Chan Yeol ပြုံးရင်း BaekHyun ကိုဖက်​လိုက်​​တော့ Kris ကလည်း ရယ်​ရင်းက Baek ရဲ့ ​ကျောကို ပုတ်​​ပေးလိုက်​၏။ ဒါ​ပေမဲ့ နှစ်​​ယောက်​လုံးရဲ့ မျက်​လုံး​တွေ အချင်းချင်း ဆုံတဲ့အခါမှာ​တော့ ပြန်​လည်​တည်​သွားပြန်​ရင်း...

ကွဲ​ကြေ​နေတဲ့ သူတို့ရဲ့ friendship ကို ပြန်​​ကောင်း​အောင်​ လုပ်​ဖို့က မလွယ်​​သေးဘူးကိုး။

ဒါ​ပေမဲ့ သူတို့နှစ်​​ယောက်​အလယ်​မှာ Baek Hyun ဆိုတဲ့ ​ကော်​​လေး​ရှိ​နေရင်​​တော့ သူတို့ရဲ့ ရင်းနှီးမှုက အ​ကောင်းအတိုင်း ပြန်​လည်​ဖြစ်​လာမှာပါ​လေ။

~•~•~•~

"​ဒီ​တော့... ​ပြောပါဦး။ မင်းဘယ်​သူ့ကို ​ရွေးမလဲ စဉ်းစားပြီးပြီလား..."

Jong In စကား​ကြောင့်​ Baek Hyun က ပါးပြင်​​တွေ နီရဲလာပြန်​ရင်း ​ခေါင်းခါပြကာ ​လက်​ထဲ​က ​ကော်​ဖီခွက်​ကို ခုံ​ပေါ်​သေချာ ပြန်​ချလိုက်​ရသည်​။ သူ့လက်​က တုန်​လွန်း​နေပြီကိုး။ မ​တော်​ ​ခွက်​လွတ်​ကျ​နေမှဖြင့်​...

Falling Deeper [BaekYeol/BaeKris]Tahanan ng mga kuwento. Tumuklas ngayon