16. Impossibilities
Chan Yeol ထိုင်ခုံမှာ ထိုင်ရင်း တံခါးပေါက်ဆီ မကြာမကြာ လှမ်းကြည့်နေမိသည်။
Byun Baek Hyun... သူ ကနေ့ထိ နေမကောင်းသေးဘူးလား။
"သက်ပြင်းချမနေနဲ့... မင်းကြည့်ရတာ တစ်ရက်တစ်ရက်နဲ့ ပြောင်းလဲလာသလိုပဲ။ မင်းနဲ့တောင် မတူတော့ဘူး"
Jong In ကပြောတော့ သတိလက်လွတ် သက်ပြင်းချမိလိုက်သော Chan Yeol က သူ့ကို ပေစောင်းစောင်း ကြည့်မိပေမဲ့ အသာလေး ခေါင်းကို တံခါးဆီ ပြန်လှည့်ကာ အခန်းထဲကို သူမျှော်လင့်နေသော တစ်စုံတစ်ယောက်များ ဝင်လာနေမလားလို့ စောင်မျှော်နေမိ၏။ ရင်ထဲမှာလည်း တစ်မျိုးကြီး... တစ်မျိုးကြီးပဲဆိုတာထက် ဟာတာတာဆိုသလိုကို ဖြစ်နေပြီထင်သည်။
"မင်း ရည်းစား ထပ်မထားတော့ဘူးနော်။ မထူးဆန်းလွန်းဘူးလား။ မနေ့ကလည်း မင်းကို Propose လာလုပ်တဲ့ ကောင်မလေးကို ငြင်းလိုက်တယ်။"
"Kim Jong In... မင်း တိုးတိုးနေစမ်းပါကွာ..."
Jong In က ပခုံးတွန့်ပြရင်း စပ်ဖြီးဖြီးနဲ့ အခန်းပြင်ထွက်သွားသည်။ ပြီးတော့ နှစ်မိနစ်လောက် အကြာမှာပဲ အခန်းထဲ ပြန်ဝင်လာသည်။
"Kris က ကျောင်းကို ရောက်နေပြီ။ Baek Hyun ပါမလာဘူး။"
Jong In ရဲ့ သတင်းက သတင်းကောင်းကြီးပါလား...
"ဝုန်း" ခနဲ စားပွဲခုံကို ဆောင့်တွန်းကာ မတ်တပ်ထရပ်လိုက်တဲ့ Chan Yeol ကို အားလုံးက လှည့်ကြည့်ကြသည်။ မျက်နှာထားက စူပုပ်မှိုင်းညိုလျက်... ပြီးတော့ အလိုမကျဖြစ်နေတဲ့ ပုံကလည်း အထင်းသားကြီး။ အရင်ကနဲ့မတူ အေးစက်စက် ဖြစ်မနေတော့တဲ့ Chan Yeol ရဲ့ ပုံကို အားလုံးက အထူးတဆန်းလို ကြည့်နေကြသည်။
"မဟုတ်မှလွဲရော... Kris သူ့ကို ကျောင်းပြောင်းခိုင်းလိုက်တာ ဖြစ်မယ်။ ငါ အဲ့ဒီ့ကောင်နဲ့ စာရင်းသွားရှင်းမယ်။"
![](https://img.wattpad.com/cover/31706494-288-k175411.jpg)