ရင်ဘတ်အတွင်းမြုပ်နေသောကျည်ဆံသည် Chanyeol ကိုလှောင်ရယ်ပြနေသကဲ့သို့...ရှိသည်။
ဘဝမှာသေခါနီးဆဲဆဲ လူတစ်ယောက် ကိုရှေ့ချလျက်ဘယ်အချိန်သေမလဲ စောင့်ကြည့်နေရလိမ့်မည်ဟု တစ်ခါမှ မတွေးဖူးခဲ့...
၀န်ထမ်းတွေအားလုံးအလုံပိတ်ကားထဲ ထည့်၍
ပစ်သတ်ခံရပြီးနောက် ဤ စခန်း၌ သူနာပြူဟူ၍
Chanyeol တစ်ယောက်သာကျန်ခဲ့ခြင်း ဖြစ်တော့သည်။သေနတ်ပြောင်း၀ နားထင်ထောက်၍
ကုခိုင်းသမျှ လူနာတွေကို ကုပေးပေမယ့် ခွဲစိတ်ရ
မှာကိုတော့ ဆရာ၀န် လဲ မဟုတ်တာကြောင့် မလုပ်တတ်ပါ...လုပ်တတ်ရင်တောင် လုပ်ပေးချင်စိတ်မရှိ...
"အမေ..အမေ.."
ပါးစပ်မှ တတွတ်တွတ်ရေရွတ်နေသည်မှာ ဒီနာမ်စားတစ်ခုထဲပင်....
"သေခါနီးတော့ အမေကို တ နေပြီပေါ့ !"
Chanyeol ခပ်တိုးတိုးဆိုတော့ သေတော့မည့်လူက အားတင်းက မျက်လုံးလေးဖွင့်ကြည့်လာသည်။
"ဘယ်သူ့အတွက် လုပ်ပေးနေတာလဲ? လူသတ်
တာက မင်းအမေအတွက်လား ?""အမေ..အမေ့ကို တွေ့ချင်တယ်...ကျွန်တော် အိမ်ပြန်ချင်တယ်..!"
"မင်း အိမ်ပြန်လို့မရဘူး..မင်းရဲ့ ရင်ဘတ်ထဲမှာ ကျည်ဆံရှိနေတယ်...မင်းက သေတော့မှာ..အခု
မသေတောင် အချိန်က ခဏပဲ..ခဏနေဆို သေမှာ"Chanyeol ၏ အားပေးစကားများကြောင့် လူနာ
သာ အင်အားရှိလျှင် ထ ထိုးနိူင်လောက်ပါရဲ့..."အမိမြေကိုမေ့ပြီး တိုက်ပွဲ၀င်နေတဲ့ မင်းအတွင်ပြန်ရတာ ဘာရှိလဲ ?အခုတော့သေရမှာပဲ မဟုတ်လား ?"
"ကျွန်တော့်ကိုကယ်ပါ..."
"ငါ...မင်းရဲ့ ရင်ဘတ်မှာ၀င်နေတဲ့ ကျည်ဆံကိုထုတ်ပေးချင်ပေမယ့် ငါက ဆရာ၀န် မဟုတ်တော့ ငါလဲ မလုပ်တတ်ဘူး..ဒါပေမယ့် ဆရာ၀န် တစ်ယောက်တော့ ရှိတယ် ."
"ဘယ်မှာလဲ?"
အလုံပိတ်ကားထံ Chanyeol အကြည့်တို့ ရောက်
သွားသည်။ သို့ပေမယ့်...."အမေ..အ မေ "
သေခါနီးလူသည် အသက်ကိုပြင်းစွာရှူလျက် မျက် ဖြူနှစ်ချက်လောက် ဆိုက်ကာ နောက်ဆုံးမှာ ငြိမ်ကျသွားတော့သည်။ မျက်နှာချင်း မှာ ထိုင် စောင့်နေသော Chanyeol သည် မျက်ခွံများကို ဆွဲပိတ်ပေးလိုက်သည်။