Jong In ၏ ဒုတိယ အစီအစဉ်သည် UNက ထောက်ပံ့သည့်စားနပ်ရိက္ခာ ကို Teaching ဆေးရုံသို့ပို့ဆောင်ရန်ဖြစ်သည်။ထို ရိက္ခာ ထဲရော
ညှပ်ပြီး ဂ်ြုလ်ထုဖုန်းကို ထည့်ပေးလိုက်ရန် စီစဉ်
ထားပြီး ဖြစ်သည်။UN က ပို့သော ထို စားနပ်ရိက္ခာများသည် ပိတ်မိ
နေသော သူနာပြူ အယောက်20အတွက်သာ ဖြစ်
လေသည်။...................
"ရော့ မင်းတို့အတွက်စားစရာတွေ !စားစရာရှိတာ
စားပြီး ပြင်ဆင်ထား !ခဏနေ မင်းတို့ အားလုံးကို
ကာရတို ခေါ်သွားမှာ !"Baekhyun တို့အားလုံး တစ်ယောက်ကိုတစ်ယောက်ကြည့်ကာစိတ်တွေသာညစ်ကုန်သည်။
ကာရတို ကိုသွားရရင်တော့ အသက်ရှင်ဖို့ လမ်း
မရှိတော့ဘူးထင်သည်။ပစ်ချပေးလာတဲ့ ဂျပ်ဖာတွေကို ယူလိုက်ကာ ဖောက်တဲ့သူက ဖောက်သည်။ဗိုက်တွေလဲဆာနေ
ကြပြီ မဟုတ်လား?"Baekhyun ရေ !ဒီမှာလာကြည့်ပါဦး "
အဖွဲ့ထဲမှ အစ်ကို တစ်ယောက် ကလှမ်းခေါ်လာတာမို့ Baekhyun ပြေးကြည့်လိုက်တော့ သတ္တု
စက္ကူစဖြင့် ပတ်တာထားသော အရာတစ်ခုကို
တွေ့လိုက်ရသည်။ Baekhyun ဖြည်ကြည့်လိုက်
လေတော့ ဖုန်းတိုင်တစ်တိုင်ပါရှိသော ခလုတ်နှိတ်ဖုန်း တစ်လုံးကို တွေ့လိုက်ရသည်။UN ကနေ
ရောက်လာသည်မို့ ကိုးရီးယားသံရုံးအကြံအစည်
တစ်ခုသာ ဖြစ်မည်ဟု Baekhyun တွေးလိုက်ပြီး
အချိန်ဆွဲ မနေတော့ဘဲ ပါဝါ ခလုတ်ကို ဖွင့်ချလိုက်တော့သည်။တစ်ဖက်မှ စောင့်ကြည့်နေကြသော Jong In တို့
မှာလဲ Projector အပေါ် မီးစိမ်းအချက်ပြတာကို
မြင်လိုက်ရတာနဲ့ ၀မ်းသာအားရ ဖြစ်သွားကာ..."Yes !ဒီလိုပဲ ဖြစ်ရမယ် "
Jong In ထိုင်နေရာမှ ထကာ Baekhyun ချက်
ချင်းဖုန်းခေါ် လိုက်သည်။သိပ်စောင့်စရာမလိုလိုက်ဘဲ တစ်ဖက်က တန်းပြီး ဖုန်းကိုင်သည်။"ဟယ်လို.."
"Baekhyun လား ? မင်းတို့ အားလုံး အဆင်ပြေလား ?"
"ပြေပါတယ်...ကျွန်တော် တို့ အားလုံး အခု မြေအောက်ခန်းထဲမှာပါ ဆရာ...ဟို Chanyeol
ရောဟင် .."
