ပြည်သူ အနေနဲ့ Baekhyun တစ်ယောက်ထဲသာ
လိုက်ပါလာသော ကုန်တင်ကားကြီး သည်ယိမ်းခါလျက် ပင် ဦးတည်ရာ စခန်းသို့ ရောက်ရှိလာပြီ
ဖြစ်သည်။စကောထဲ ဆီးပူသီးထည့်လှိမ့်ခံနေရသလိုဖြစ်နေ
၍ ကားထဲမှာ ပါတဲ့ သစ်သားတန်းတွေကို တစ်လမ်းလုံးဆုပ်ကိုင်ထားရသဖြင့် လက်မောင်းတွေ
လဲ အောင့်တက်နေပြီ ဖြစ်သည်။စစ်မြေပြင် သီးသန့်လို ဖြစ်နေသော ဦးတည်ရာ
စခန်းချ ထားသည်ကို မြင်ရသည်။"ဆင်း !"
Baekhyun နဲ့အတူ ပါလာသော လူနှစ်ယောက်
ထဲမှ တစ်ယောက်က လှမ်းအော်သည်။ ဆင်း ဆို
သော်ငြားလဲ ကားအမြင့်ကြီးပေါ်မှသည် မည်သို့
ဆင်းရမည်မှန်း Baekhyun မသိ ....ကားပေါ်ကနေ လေးဘက်ထောက်ကာ ပတ်၀န်း
ကျင်ကို စူးစမ်းနေလိုက်သည်။ တကယ့် သူပုန်
စခန်းပါပဲ..."ဟေ့ !မင်း မဆင်းဘူးလား ?"
"ဆင်းနေတာပဲလေ "
"ဆင်းတယ်ဆိုပြီး လေးဘက်ကုန်းပြီး အဲ့တိုင်းကြီးနေနေတော့မှာလား ?လာ "
ဖိန့်ဖိန့်တုန်အောင် ကြောက်ရပါသည်ဆိုသော သူ
ပုန်ကသည်ပင် စိတ်ရှည်လက်ရှည်ထားကာ သူနာပြူ ပေါက်စ Baekhyun ကိုချိုင်းကနေမချီ၍ ကားပေါ်က ချပေးရတော့သည်။"မင်း ယောင်္ကျားကို လာရှာတာလား ?ရာဇ၀တ်သားတွေ ထားတဲ့ နေရာမှာ သွားရှာကြည့်စမ်း "
ISI ဘက်မှ လူတစ်ယောက်က လက်ညိုးထိုးပြ
ပြီး Baekhyun ကိုလှမ်းအော်လာတာမို့ သူညွှန်
ပြတဲ့ အတိုင်း လျှောက်လာခဲ့တော့..အဆောက်အဦး ပျက်တွေ ဒဏ်ရာ ရသူတွေ ဖြင့်
စိတ်ရှုပ်ယှက်ခတ်နေကြသည်။Baekhyun လက်တွေတုန်ကာ ရင်တွေလဲ ခုန်လာသည်။
ငါဒီ အထိရောက်လာပြီး မင်းကို လာရှာနေပြီနော်
Chanyeol...မင်းစောင့်နေတယ်မလား ?
Baekhyun မျက်လုံးတွေ အလုပ်များကာ ကျီးကန်းတောင်းမှောက်ရှာဖွေ နေမိသည်။ နှိပ်စက်ခံနေရသူတို့၏ မျက်နှာတွေကို Chanyeol များဖြစ်နေမလား ဆိုတဲ့တွေးနဲ့အနီးကပ်ပြေးကြည့်မိသည်။
![](https://img.wattpad.com/cover/272781658-288-k695796.jpg)