အချိန်က နောက်မကျသလို စောလဲ မစောဘဲ ရုံးထဲမှာ လူတွေအပြည့် ဖြစ်နေပြီ...လိုအပ်သည့် စာရွက်စာတန်းတို့ကို အိတ်ထဲက ထုတ်ယူလိုက်ကာ လွတ်နေသည့် ခုံတန်းရှည်ပေါ် ခပ်မြန်မြန်ထိုင်ချလိုက်ရသည်။ လွတ်နေသည့် ခုံဆိုသော်ငြား ကံကောင်းထောက်မစွာဖြင့် တစ်နေရာသာကျန်ရှိနေသည့် ခုံဖြစ်လေသည်။
အိတ်ထဲက ဆွဲထုတ်လာသည့် စာရွက်စာတန်းတို့ကို အစဉ်လိုက်ကျမကျ ပြန်စစ်ဆေးနေရင်း ပတ်၀န်းကျင်ကိုသတိမထားမိလောက်အောင် ရှိနေသည့်တိုင် နံဘေးလူထံမှ ခပ်အုပ်အုပ်စကားသံထွက်လာသဖြင့် သတိ၀င်လာခဲ့လေသည်။
"မင်း သတင်းစာတွေမဖတ်ဘူးလား ?"
"ဗျာ !!"
ထိုသူပြောသော စကားတို့က လက်ရှိဖြစ်နေသော အခြေအနေနှင့် မသက်ဆိုင်တာမို့ Chanyeol ဗျာ ဟုသာပြန်လည်မေးခွန်းထုတ်မိလေသည်။
"သတင်းမှာနေ့တိုင်းပါနေတာ !အခု သွားရမယ့် နိူင်ငံကဘယ်တော့မှ မရိုးရှင်းဘူး !"
မရိုးရှင်းဘူး?, ဘာကလဲ... Chanyeol အမှန်တကယ်ပင်နားမလည်ပေ....ထူထဲပြီးစိမ်းမြနေသည့် မျက်ခုံးနှစ်ဖက်တွန့်ကွေးသည်အထိ နားမလည် ဟန်ကိုပြနေ၍လားမသိတစ်ဖက်ကလူက ဆက်ပြီးရှင်းရန်ပြင်သည်။
မုတ်ဆိတ် အနည်းငယ်ရှိသော ထိုသူသည် အစိမ်းနုရောင် ရှပ်လက်ရှည်ကို၀တ်၍ သေသေသပ်သပ် ဖြင့် ကြည့်ရတာ လူကုံထံ တစ်ယောက်မှန်းသိသာစေသည်။
"အဲ့က လူတွေက လူမှ မဟုတ်တာ !ခင်ဗျား ဒုံးကျည်ဆိုတာကြားဖူးလား ?အဲ့ဒီက ကလေးတွေက ဒုံးကျည် တွေနဲ့ ထွေခင်း ကစားတာ...အိပ်ပျော်သွားရင်တောင် ပြန်နိူးလာမလားဆိုတာ ဘုရား ပဲသိတယ် !"
"အဲ့ဒါဆိုလဲ ဘာဖြစ်လို့ အဲ့ဒီ နိူင်ငံကိုသွားချင်ရတာလဲ ?"
"ကျွန်တော်သွားမှာ မဟုတ်ပါဘူး !ကျွန်တော့်မိန်းမ သွားမှာ !ဟိုမှာလေ.."
ထိုလူမေးဆတ်ပြသည့် နေရာကို ကြည့်လိုက်တော့ သူတို့ ထိုင်နေသည့် တစ်ဖက်နေရာမှာ နံပါတ်စဉ်နဲ့တန်းစီနေသည့် အမျိုးသမီး အချို့နှင့် အမျိုးသားတစ်ချို့ကိုတွေ့လိုက်ရသည်။ထိုလူ၏ အမျိုးသမီး ဆိုသူသည် အဝါရောင် စကတ်ရှည်ကို၀တ်ဆင်ထားပြီး သူ့အမျိုးသားအားပြုံးပြလာခဲ့သည်။