အခန်း(2)

436 79 1
                                    

"အဆောင်သွားတာ ဘာလို့ ငါ့ကို တစ်ခွန်းမှ မပြောတာလဲ ?"

"ကိုကို ကမှ မအားတာ..ဒီညနေမှ အမြန်သွားလိုက်ရတာမို့ ဖုန်းလဲ မဆက်ဖြစ်တော့တာ.."

"အဲ့ဒါ ဘာအလုပ်လဲ သေချာပြော ငါ့ကို..."

"အထည်ချုပ်စက်ရုံလေ...နေစရိတ် စားစရိတ်ငြိမ်းပဲ !"

"နင့်အစ်ကို ငါတစ်ယောက်လုံးရှိတယ်ဆိုတာ မမေ့နဲ့ဦး !ဘာဖြစ်ဖြစ် ငါ့ကို ဖုန်းဆက်ပြော.!!"

"ညီမလေး သိပါတယ် ကိုကို..ညီမလေးက အဖေနဲ့အမေ့ထက်တောင် ကိုကို့ ကိုချစ်တာကို..."

Baekhyun ပြုံးလိုက်မိသည်မှာ ဟန်ပင်မဆောင်
နိူင်....လေးနှစ်ငယ်သည့် ညီမလေး အား Baekhyun ဖွင့်မပြောပေမယ့်လဲ ချစ်ပါသည်။
နှုတ်ကြမ်းပြီး အပြောဆိုးပေမယ့် ညီမလေးကို
ဘယ်သူမှ ထိတာလဲ မကြိုက်.... Baekhyun ယခုလုပ်နေသည့် အလုပ်ကလဲ ညီမလေး အတွက်အများကြီးပါသည်။

"ဘယ်သူမှ မရှိကြဘူးလား ?"

နံရံကိုကွယ်၍ ဖုန်းပြောနေမိရာမှ ဟိန်းထွက်လာသောအမျိုးသားတစ်ဦး၏ အသံကြောင့် Baekhyun ပခုံးနှစ်ဖက်တုန်သည်အထိ လန့်ဖျပ်သွားပြီးအသံလာရာဆီချောင်းကြည့်လိုက်မိသည်။

Chanyeol နှင့်တစ်ခြားအမျိုးသား တစ်ဦး လူနာ
ခန်း တစ်ခန်းရှေ့မှာ စကားပြောဆိုနေကြသည်။
တိတိကျကျ ဆိုရလျှင် Baekhyun တာ၀န်ကျ
သည့် အခန်းရှေ့တွင် ဖြစ်သည်။

"သူနာပြူတွေ တစ်ယောက်မှမရှိကြဘူးလား?"

Baekhyun ဖုန်းတောင် ချမိလား မချမိလားမသိ
ဖုန်းကို ရင်ဘတ်မှာကပ်ကာ ဒီအတိုင်း ချောင်းကြည့်နေမိ‌ တော့သည်။

"အရေးပေါ်ရှိနေလို့ နေမှာပါ ခဏစောင့်ပေးပါ"

Chanyeol အတတ်နိူင်ဆုံး လေသံချိုချိုလေးနှင့်
‌ပြောလိုက်မိသည်။ ဂျူတီချိန်မှာ ဘယ်သူမှ ဖုန်းကိုင်ခွင့်မရှိ... Baekhyun ဖုန်းခိုးပြောနေတာကို
Chanyeolသိသည်။Baekhyun မရှိတုန်း သူ
တာ၀န်ကျသည့်အဆောင်ခန်းက ကလေးက
ထ‌ငိုနေတာမို့....

စီနီယာနဲ့ ဆရာ၀န်တွေသာ သိရင် Baekhyun ဆူ
ခံထိမှာ အသေအချာပင်...

"ကလေးတွေ ဆေးပေးရမယ့်အချိန် သူနာပြူတွေမရှိရင် အဖေတွေ ဘယ်လောက်စိတ်ညစ်ရလဲ မသိဘူးလား? ကလေး ဒီလောက်ငိုနေတာငါ့ကို ဘာလုပ်စေချင်နေကြတာလဲ ?"

- ZONES - (Complete )Tahanan ng mga kuwento. Tumuklas ngayon