[ Unicode🖤 ]
စားပွဲပေါ်က နှစ်ယောက်တွဲပုံလေးကိုကြည့်ရင်း ရွမ်ကျွင့်သဘောကျစွာပြုံးလိုက်သည် ။
မှန်ဘောင်လေးနဲ့ သေချာဘောင်ခတ်ထားသည့် ဓာတ်ပုံလေးအား နေရာမှာ ပြန်ချကာ အပြင်ထွက်ခဲ့တော့ ဂျယ်မင်းက ခုံတန်းမှာထိုင်၍နေသည် ။
" ဂျယ်မင်း "
ခပ်တိုးတိုးခေါ်ရင်း အနားမှာဝင်ထိုင်လိုက်တော့ ပြုံး၍ပြသည် ။
" ဘာလုပ်နေတာလဲ "
" ဟိုမှာလေ ကလေးတွေကိုကြည့်နေတာ "
ခပ်လှမ်းလှမ်းမှာဆော့နေကြတဲ့ ကလေးတွေအား လက်ညှိုးညွှန်ပြရင်း ဂျယ်မင်းပြောလာသည် ။
" သိပ်မကြာခင်မှာ ငါတို့ဒီနေရာလေးကို လွမ်းနေရတော့မှာ "
စိတ်မကောင်းဟန်ရေရွတ်ရင်း ဂျယ်မင်းပြောတာမို့ ဂေဟာအားကြည့်ကာ ကျွန်တော်ခေါင်းငြိမ့်မိသည် ။
အခုဆို ကျွန်တော်နဲ့ဂျယ်မင်း ရင်းနှီးခဲ့တာ လေးနှစ်တာကြာသွားခဲ့ပြီ ။
မနေ့တစ်နေ့ကလိုဖြစ်ရပ်မျိုးတွေနဲ့ ကိုယ့်လမ်းကိုယ်လျှောက်ကြဖို့ အသင့်မဖြစ်သေးခင်မှာပဲ ခွဲခွာခြင်းဆိုတာ ရောက်ရှိလာတော့မည် ။
" မင်းဘာလုပ်ဖို့စဉ်းစားထားလဲ "
ကျွန်တော်မေးတော့ဂျယ်မင်းကခေါင်းခါသည် ။
" မသိဘူး "
" အောင်စာရင်းထွက်ပြီးရင် တစ်ခုခုတော့ ဆုံးဖြတ်ရမှာပဲလေ "
" ရွမ်ကျွင့် "
" အွန်း "
" ဒီလေးနှစ်တာအတွက် ကျေးဇူးတင်ပါတယ် "
" ငါကသာမင်းကိုကျေးဇူးတင်ရမှာပါ ။ မင်းကြောင့်သာမဟုတ်ရင် ငါဒီစာမေးပွဲကို ကောင်းကောင်းဖြေနိုင်မှာမဟုတ်ဘူးလေ "
ဂျယ်မင်းကပြုံး၍ခေါင်းညိတ်သည် ။
မင်းအပြုံးတွေကို နောက်ထပ်မမြင်ရတော့မှာ ငါသိပ်ကြောက်တယ် ဂျယ်မင်း ။
နှင်းတွေတဖွဲဖွဲကျနေတဲ့ လမ်းမထက် အားသွန်ခွန်စိုက်ပြေးနေတဲ့ စက်ဘီးလေးတစ်စီး ။