Unicode🖤
ကြီးကျယ်ခမ်းနားသည့် အိမ်၏သွင်ပြင်က တန်ဖိုးတော့နည်းနိုင်ဖွယ်ရာမရှိ ။
တိုက်ခန်းဟုသာဆိုသည် ။
အကျယ်အဝန်းက ကြောက်ခမန်းလိလိ ။
ဒါကိုကုမ္ပဏီက ဘာမှမဖြစ်မြောက်သေးတဲ့ အနုပညာရှင်အတွက် ပေးတာတဲ့လား ။
အရမ်းကြီး အမ်းလွန်ရာရောက်မနေဘူးလား ။
" ဂျယ်မင်း သဘောကျလား "
နောက်ပါးဆီမှ ခါးကနေဖက်တွယ်ကာ မေးလာသည့် ရွမ်ကျွင့်၏အမေးအား ပြန်မဖြေသေးပဲ မှန်တွေရဲ့အခြားတစ်ဖက်က ဆိုလ်းမြို့၏အလှအပကိုသာ ငေးမော၍နေမိသည် ။
လှတယ်မလှဘူးဆိုတာ ငါဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့အရာမှ မဟုတ်တာ ရွမ်ကျွင့် ။
ရွှေငါးကိုလိုချင်လို့ ချထားတဲ့ ငါးစာမဟုတ်ဖို့ပဲ ငါ့မှာဆုတောင်းနေမိတာ ။
လူတစ်ယောက်က အကြောင်းမဲ့သက်သက်တော့ ရက်ရောမနေနိုင်ဘူး မဟုတ်လား ။
" ဂျယ်မင်း ငါမေးနေတယ်လေ.. သဘောကျရဲ့လားလို့ "
ဖက်တွယ်ထားရင်းမှ လက်ကိုလှုပ်ခတ်ကာ ကလေးသဖွယ်မေးနေသည့် ရွမ်ကျွင့်၏လက်ကလေးတွေကို ဆုတ်ကိုင်ကာဖြုတ်ချလိုက်ပြီး ...
" မင်းသဘောကျတယ်မဟုတ်လား "
" ငါကမင်းသဘောထားကိုသိချင်တာ "
" မင်းသဘောထားကလည်း ငါ့သဘောထားပဲလေ .. မင်းသဘောကျရင် ငါလည်းသဘောကျတာပေါ့ "
အတောက်ပဆုံးပြုံးပြကာ ကျွန်တော်ပြောမှ ရွှေမျက်နှာတော်လေးလန်းလို့လာသည် ။
" အိပ်ခန်းသွားကြည့်ရအောင် "
ကျွန်တော့်လက်အားဆွဲကာ တက်ကြွစွာလိုက်ပြနေသည့် ရွမ်ကျွင့်မျက်လုံးလေးတွေက လင်းလက်လို့နေသည် ။
အခန်းတံခါးကိုဖွင့်လိုက်သည်နှင့် မွှေးပျံ့တဲ့ရနံ့တို့ ပျံ့လွင့်နေသည့် အခန်းလေးက အတော်လေးကျယ်ဝန်းသည်ဟုဆိုရမည် ။
နက်ပြာရောင်နံရံတွေနဲ့ ပစ္စည်းပစ္စယျာတွေကို အဝါရောင်တွေချည်းပဲသုံးထားတာမို့ ထင်းလင်းလို့နေသည် ။
![](https://img.wattpad.com/cover/273299521-288-k910073.jpg)