🖤episode - 11🖤

260 36 13
                                    

Unicode🖤

" ရွမ်ကျွင့် "

ဂျယ်မင်းခေါ်သံကြောင့် မျက်ရည်စတို့အား လက်ဖဝါးဖြင့်ပွတ်သပ်၍သုတ်လိုက်ပြီး ဓာတ်ပုံတို့အား အိတ်ကပ်ထဲအလျင်အမြန်ထည့်ကာ လှည့်ဖို့ပြင်ယုံရှိသေး ဂျယ်မင်းကအနားရောက်လာပြီ ။

" အဆင်ပြေရဲ့လား "

" ပြေ .. ပြေပါတယ် "

" ဥက္ကဌ မင်းကိုတစ်ခုခုပြောသွားသေးလား "

" နည်းနည်းပါ ၊ သူဖုန်းခေါ်တာမကိုင်လို့ စိတ်ဆိုးနေတာ "

" ဆောရီးကွာ ၊ ငါ့ကြောင့် မင်း "

" မဟုတ်တာ ၊ သွားလေ ရေသွားချိုး "

" အင်း "

ဂျယ်မင်းကိုပထုတ်ကာ ဓာတ်ပုံတွေကိုသိမ်းဆည်းရသေးသည် ။

တစ်ချိန်လုံးမျက်နှာကို အကဲခတ်နေသည့် ဂျယ်မင်းရှေ့ဟန်ဆောင်ပြုံးကာ အလိုက်သင့်နေနေရသည် ။

" အိပ်မပျော်ဘူးလား "

" ဟင့်အင်း "

" တစ်ခုခု​ပြင်းပြင်းထန်ထန်ပြောသွားတာမျိုးမရှိဘူးမဟုတ်လား "

" မရှိပါဘူး "

" ဒါဆိုမင်းမျက်နှာက ဘာလို့နွမ်းနေတာလဲ "

" ဒီအတိုင်းပင်ပန်းလို့ပါ "

" လာ ငါ့ရင်ခွင်မှာနားလိုက် "

လက်ဆန့်တန်းလာသည့် ဂျယ်မင်းရင်ခွင်ထဲ ခေါင်းတိုးဝင်လိုက်ပေမဲ့ အိပ်စက်၍ပျော်မသွား ။

ဒီရင်ခွင်နဲ့မခွဲနိုင်ဘူး ။

ဘယ်လိုနည်းနဲ့မှ ဂျယ်မင်းနဲ့လမ်းခွဲမပေးနိုင်ဘူး ။

" ဘယ်သွားမလို့လဲ "

" ဆယ်ဘင်းဖေဖေနဲ့ အလုပ်ကိစ္စပြောဖို့ ချိန်းထားလို့ "

" အော် "

" ငါသွားပြီနော် "

ပါးကိုလှစ်ခနဲနမ်းကာ နှုတ်ဆက်နေသည့်ဂျယ်မင်းအားပြုံးပြလိုက်ပြီး လက်ကိုဝေ့ယမ်း၍ တာတာ့လုပ်ပြလိုက်သည် ။

ဂျယ်မင်းထွက်သွားမှ တံခါးအားပိတ်ကာ ရေချိုးဖို့အတွက်ပြင်ရသည် ။

🖤အချစ်ဆိပ်သင့်သူ🖤 [🖤အခ်စ္ဆိပ္သင့္သူ🖤]Where stories live. Discover now