🖤 episode - 13 🖤

267 33 6
                                    

Unicode🖤

နှင်းစက်တွေတဖွားဖွားကျနေတဲ့ မနက်ခင်းက ချစ်သူရဲ့ရင်ခွင်နွေးနွေးကြားမှာ အေးလို့အေးမှန်းတောင်မသိ ။

" နိုးပြီလား "

" အင်း "

တိုးသဲ့သဲ့ ဂျယ်မင်းအမေးအား ခေါင်းလေးညိတ်ပြတော့ နှဖူးပြင်ထက် မနက်ခင်းအနမ်းလေး ကြွေကျလို့လာတယ် ။

" ပြန်ကြမလား "

" အခွင့်အရေးရတုန်း မင်းရင်ခွင်ထဲမှာ ဒီလိုလေးနေချင်သေးတယ် "

ရင်ခွင်ထဲပိုမိုတိုးဝင်ဖက်တွယ်ကာ ကျွန်တော်ချွဲလိုက်တော့ ဂျယ်မင်းက အနောက်သို့လှည့်ကြည့်သည် ။

" ကလေးတွေတောင် မရှိတော့ဘူးပဲ "

" အချိန်ကမစောတော့ဘူးလေ ၊ နှင်းကျနေလို့သာ သေချာမသိတာ "

" ဒီနေ့ရိုက်ကူးရေးမရှိဘူးလား "

" အင်း မရှိဘူးထင်တာပဲ ၊ ရှိလည်းမသွားချင်ဘူး ၊ ဒီအခိုက်အတန့်လေးကို ဘာနဲ့မှမလဲချင်ဘူး "

" ရွမ်ကျွင့် "

" ဟင် "

" ငါ့မှာမင်းကိုပေးနိုင်တာဆိုလို မယုတ်လျော့တဲ့ ချစ်ခြင်းမေတ္တာပဲရှိတာပါ "

" မင်းကသာပေးရင် အနမ်းလေးတစ်ပွင့်ပဲဖြစ်ဖြစ် ပန်းလေးတစ်ပွင့်ပဲဖြစ်ဖြစ် ငါကတန်ဖိုးထားမှာပါ ဂျယ်မင်း "

" ရွမ်ကျွင့် မင်း ဥက္ကဌအီပေါ်မှာ ခံစားချက်တွေရှိနေလား "

ရုတ်တရက် ဂျယ်မင်းအမေးကြောင့် ရင်ထဲသိမ့်ခနဲ စူးနစ်၍သွားရသည် ။

" ဒါကဘာကိုမေးလိုက်တာလဲ "

" ငါမယုံကြည်လို့မေးတာမျိုးမဟုတ်ရပါဘူး ၊ ငါသေချာချင်လို့ပါ ရွမ်ကျွင့် ၊ မင်း သူ့အပေါ်မှာ ဘာခံစားချက်မှရှိမနေဘူးဆိုတာ ငါသေချာချင်လို့ပါ "

" မင်းကငါ့ကိုသံသယရှိနေတာလား ဂျယ်မင်း "

" မဟုတ်ဘူး ရွမ်ကျွင့် ၊ ငါ .. ငါမသိတော့ဘူး ၊ တစ်ခါတစ်ရံ ဥက္ကဌအီဂျဲနိုဆီက မထိတထိ စိမ်ခေါ်ခြင်းတွေက ငါ့ကိုနာကျင်စေတယ် "

" ငါမင်းကိုပြောပြီးပြီလေ ဂျယ်မင်း ၊ ငါ့ကိုပဲကြည့်လို့ ၊ အခု မင်းကတောင် မယုံကြည်နေရင် ငါ့ရဲ့စောင့်ထိန်းမှုက ဘာ​အဓိပ္ပာယ်ရှိတော့မှာလဲ "

🖤အချစ်ဆိပ်သင့်သူ🖤 [🖤အခ်စ္ဆိပ္သင့္သူ🖤]Onde histórias criam vida. Descubra agora