Unicode🖤
" မင်းဘာပြောလိုက်တယ် ရွမ်ကျွင့် "
ယမ်ယမ်အမေးကြောင့် မျက်လုံးတို့ဝင့်ကြည့်ကာ …
" ငါတကယ်သဘောတူတယ် ယမ်ယမ် "
" ဒါရိုက်တာဆိုတော့ သဘောကျနေတော့မှာပဲ "
ယမ်ယမ်က မြူးတူးစွာပြောရင်း တစ်စုံတစ်ယောက်ထံ ဖုန်းခေါ်၍နေသည် ။
" ဟယ်လို ဒါရိုက်တာဆို ။ ဟိုတစ်နေ့ကပြောတဲ့ကိစ္စလေ အဲ့ဒါ ကျွန်တော့်သူငယ်ချင်းက သဘောတူတယ်တဲ့ ။ ဗျာ ဘယ်တော့လဲ ။ မနက်ဖြန်လား ။ အင်း ကျွန်တော်ခေါ်လာခဲ့လိုက်မယ် ။ အင်း "
" ဘာတဲ့လဲ "
" သူကမင်းကိုမနက်ဖြန်တွေ့ချင်တယ်တဲ့ "
" မနက်ဖြန် "
" အွန်း ။ မင်းငါ့ဆီပဲလာခဲ့လိုက် "
ယမ်ယမ်စကားအားခေါင်းသာညိတ်ပြဖြစ်သည် ။
" ဘာလို့လဲ ရွမ်ကျွင့် ။ စားမကောင်းဘူးလား "
ညစာကိုတို့ကနန်းဆိတ်ကနန်း စိတ်မပါလက်မပါစားနေမိတဲ့ ကျွန်တော့်ကိုတစ်ချက်ကြည့်ကာ ဂျယ်မင်းကဆိုသည် ။
" မဟုတ်ပါဘူး ။ ညနေက ငါမုန့်စားထားလို့ "
" မစားချင်ရင်လည်း မစားနဲ့တော့လေ ။ တော်ကြာ ရင်ပြည့်နေအုန်းမယ် "
" ရပါတယ် ။ မင်းစားလို့ပြီးအောင်
ငါစောင့်အုန်းမယ် "" ရတယ် ငါ့ဘာသာသိမ်းလိုက်မယ် ။ သွားအိပ်ချင်အိပ်တော့ "
ထမင်းစားပွဲမှထကာ အခန်းထဲဝင်ခဲ့ပြီး အိပ်ယာပေါ်လှဲလိုက်ပေမဲ့ အိပ်၍ပျော်သည်တော့မဟုတ် ။
ကိုယ်တိုင်ယုံကြည်ချက်မရှိတဲ့အလုပ်တစ်ခုကို စတင်လုပ်ကြည့်ဖို့အတွက် ရင်ခုန်သံတွေက စည်းချက်ညီလို့မနေခဲ့ ။
ဂျယ်မင်း အခန်းထဲဝင်လာတာမို့ ဘေးကိုအနည်းငယ်ကပ်ပေးလိုက်တော့ ညာဘက်ရဲ့လစ်လပ်နေတဲ့နေရာမှာ ဂျယ်မင်းက နေရာယူကာအိပ်စက်ဖို့ပြင်လေသည် ။
ပက်လက်လှန်အနေအထားမှ တစောင်းသို့ပြောင်းလိုက်ပြီး ခေါင်းအောက်လက်ခုကာ ဂျယ်မင်းဘက်လှည့်ကြည့်လိုက်တော့ ဂျယ်မင်းမျက်လုံးတွေဖွင့်ကြည့်လို့လာသည် ။
