"ငါ့အစား blind date သွားတွေ့ပေးစမ်းပါ"
"အဟွတ်........"
သူငယ်ချင်းမရဲ့ ခပ်သွက်သွက်ပြောလိုက်သည့် စကားသံကြောင့် လုဟန် သောက်လက်စကော်ဖီ
ပင်သီးထွက်လို့ အကြောင်သားဖြစ်သွားရသည်။မယ်မင်းကြီးမ က လက်ဖက်ရည်တဖူးဖူးမှုတ်သောက်လို့ အပြုံးမပျက်ပဲ လုဟန် အမူအရာများကို ကြည့်လေ၏။
"ရူးနေလား ဂန်မီနာ ? နင့်ဘာနင် ဘဲနဲ့စိတ် ကောက်ပြီး blind date စာရင်းသွားပေးတာလေ အခုပြန်အဆင်ပြေမှ ဘာသောက်ချိုးကြီးတုန်း"
"အို.....ကိုကိုစောစောလာပြန်ချော့ရင် ဖြစ်မလားလို့ ။ နင့်အကိုကိုပြောလေ ဘာလို့စောစောပြန်
မချော့လဲ ?"နှုတ်ခမ်းတလန်ပန်းတလန်ပြောပုံအရ လုဟန် ကပင် ဒီသူငယ်ချင်းမရည်းစား သူ့အကိုကို စောစောပြန်မချော့သည့်အတွက် ပြဿနာရှာပေးရမည့်ပုံပေါက်နေသည်။
သူ့အကို ဒီသူငယ်ချင်းမကို ကြိုက်သည်ဆိုတုန်းက အောင်သွယ်မပေးလိုက်သင့်။ ဒီသူငယ်ချင်းမ
မမူပဲ အတင်းပင် ခေါင်းငြိမ့်လိုက်တုန်းက ဒီအတွဲ date ကြဖို့ သူ မစီစဉ်ပေးခဲ့သင့်။ သောက်ပြဿနာတွေ တက်ကြတိုင်း ဝင်မဖြေရှင်းပေးခဲ့သင့်။ သင်းတို့အချစ်ရေးကြီး သာယာဖြောင့်ဖြူးအောင် မကြံဆပေးခဲ့သင့်။ မဟုတ် ! ဂန်မီနာနှင့် သူငယ်ချင်းမဖြစ်ခဲ့သင့်။ မဟုတ်သေးဘူး.....
သူ့အကိုနဲ့ပါ ညီအစ်ကိုမတော်ခဲ့သင့်ချေ။Blind date တဲ့ ။ မဖြစ်နိုင် ! လုဟန် ခေါင်းအခါခါယမ်းလို့ ဂန်မီနာ့ကို ငြင်းဆန်ချေသည်။
"နင့်အစားသွားတွေ့ပေးဖို့ မပြောနဲ့။ ငါ့ဟာနဲ့ငါတောင် အဲ့လိုနေရာတွေတခါမှမသွားခဲ့ဖူးဘူး"
"အိုက်ရားး တခါလေးပါပဲ လုဟန် ရာ ။ stop ! ငြင်းလိုက်လို့မပြောနဲ့ ဝမ်နှစ်သိန်းတန် package ယူထားမိလို့ဟ နေရာက Hotel Restaurant မှာ တွေ့ရမဲ့သူကလဲ အလန်းစားပါကွာ"
"အဲ့ဒါဆို နင့်ဘာသာသွားတွေ့ပါလား"
"ဟာ ကိုကို ငါ့ကိုသတ်မှာပေါ့။ ရှောင်လု ရာ
ငါနင့်ကို အရင်းတောင်ပြန်မတောင်းပဲ အလကားတွေ့ခွင့်ပေးနေတာကို"