အချိန်အားဖြင့် နာရီလက်တံသည် ခြောက် ဂဏန်းသို့ ပြနေပြီး မိနစ်လက်တံမှာလည်း
ခြောက်ဂဏန်း၌ ရှိနေသည်။ စက္ကန့်လက်တံ
တချပ်ချပ်မှာလည်း ပုံမှန်အတိုင်းရွေ့လျားနေခဲ့သလို နဂိုပိန်းပိန်းမှောင်နေခဲ့သည့် ကောင်းကင်
ပြင်တွင် အလင်းတစနှစ်စပေါ်လို့လာနေပြီ။ထိုသို့အမှောင်ကျဆဲ မနက်အာရုဏ်ခင်းဖြစ်ပါသော်လည်း ဆယ်ဂန်းတက္ကသိုလ်ကျောင်းဝင်းရှေ့၌ ဘတ်စ်ကား ကြီးငယ်အသွယ်သွယ် ဆယ်စီးထက်မနည်းရပ်ထားကာ အသက်နှစ်
ဆယ်ပတ်ချာကျောင်းသားကျောင်းသူများ
သည်လည်း အော်ဟစ်ဆူညံလို့နေပါလေသည်။ထိုလူစုနှင့်ကွဲထွက်စွာ သီးသန့်ထောင့်တနေရာ
တွင် မတ်တပ်ရပ်နေသည့်သူက ဥပဒေမေဂျာမှ
ပထမနှစ်ကျောင်းသား အိုဆယ်ဟွန်း ဖြစ်ပြီး
တုတ်တုတ်မှမလှုပ်မတ်တပ်ရပ်နေသည့်သူ့ကို
တိတ်တခိုးကြည့်လျက် တီးတိုးပြောဆိုနေသူက
ကျောင်းသားထု၏ လေးပုံနှစ်ပုံခန့်ရှိသည်ပင်။ရှင်းပါသည်။ ချောမောသည့်ရုပ်ရည်၊ ကြွယ်ဝ
သည့် အဆင့်အတန်း၊ ထက်မြက်သည့်ဥာဏ်ရည်
ပိုင်ရှင်မှ နာမည်မကြီးလျှင် အနှီတက္ကသိုလ်၌ မည်သူက နာမည်ကြီးမည်နည်း ?ထိုနာမည်ကြီးသည့် ကျောင်းသားအိုဆယ်ဟွန်းမှာလက်ပတ်နာရီကိုတချက်ကြည့်လိုက်၊ဖုန်းကို
တချက် ကြည့်လိုက်ဖြင့် ဗျာများနေခိုက်မှာ စကားလာပြောဆိုချင်ကြသည့် စီနီယာအကို၊အမများလည်း ဒုနဲ့ဒေးရှိနေပြန်သည်။ခြေလှမ်းတုံ့ဆုံ့ဆုံ့ဖြင့် အနားသို့ရောက်ခါနီး ငါး
လှမ်း ခန့်အလိုလောက်တွင် ဆယ်ဟွန်းနားသို့
ချဉ်းကပ်လာလေသည့် သူတယောက်ကြောင့်
တချို့တဝက်နောက်ဆုတ်သွားကြသည်။ထိုသူမှ ဆယ်ဟွန်း၏ မျက်လုံးကို နောက်မှနေ လက်ဝါးဖြင့်လှမ်းအုပ်စနောက်ရင်း ပြုံးခဲသည့်
အိုဆယ်ဟွန်းနှုတ်ခမ်းထောင့်စွန်းတို့ လစ်ကနဲ
မြောက်တက်သွားချိန်မှာဖြင့် အရင်နောက်
မဆုတ်နိုင်သူများ လုံးလုံးလျားလျားကို တပ်
ဆုတ်ခွါရပါတော့သည်။“ တာတာ့တားးး ငါဘယ်သူလဲ ?”
“ အရူးထမနေစမ်းနဲ့ လုဟန် ။ ဘယ်အချိန်ရှိနေပြီလဲ ?”