First

963 68 2
                                    

ပြာလဲ့နေသောကောင်းကင်ကြီး....
ရာသီဥတုမှာချမ်းစိမ့်စိမ့်နဲ့ဆောင်းရာသီကူးပြောင်းမည့်ကာလလေးမို့
မိုးများကတော့တဖွဲဖွဲရွာနေဆဲ....

"ဆိုယွန်း ....."
"မမလေး...."
''သူဘယ်ရောက်နေရတာလဲ''
အကုန်လုံးကခေါ်နေသော်လည်းသူမမကြား
စိတ်ညစ်တဲ့အခါတိုင်း
အိမ်အနောက်ဘက်ခြံထဲရှိဝါးရုံတောလေး၌သူမလာ၍ပုံဆွဲလေ့ရှိသည်။

''ဟောတွေ့ပါပီ ဆိုယွန်း..."
''အကိုတော်ဘယ်လိုရောက်နေတာလဲ''
"ညီမတော်ပျောက်သွားလို့
အကုန်လုံးစိတ်ပူလို့လိုက်ရှာနေကြတာ
အပြင်ခိုးထွက်သွားတယ်ထင်လို့"
"ဆိုယွန်းဘယ်မှမသွားပါဘူး
ဒီမှာစိတ်အေးလက်အေးပုံဆွဲနေတာပါအပြင်ထွက်ခွင့်မှမရတာဘယ်သွားမှာလဲလို့"ငို့မဲ့မဲ့ရုပ်လေးနဲ့ပြောသေးသည်။

"မသိဘူးလေအကိုကအရင်ကလို
ညီမ​​​​​တော်စျေးထဲသွားပီး​
ကြမ်းနေတာလားလို့တောင်
ထင်နေတာလိုက်ရှာမလို့
လာစကားမများနဲ့ သွားကြမယ် အဖေ တို့မျှော်နေမှာ...."

"ဆိုယွန်း...."
''သမီးတော်ကိုမပြောထားဘူးလားအနေအထိုင်ဆင်ခြင်ပါလို့
မိန်းကလေးတယောက်ဖစ်ရဲ့သားနဲ့ ဟိုလျှောက်၀င်ဆက်ဆက်နဲ့ဝင်ပါနေရတာလည်း ကြာရင် မင်းအဖေလည်းရာထူးကပြုတ်လိမ့်မယ်နာမည်ကြီးနေတာကိုမင်းမသိတာလားတော်ကြာကင်အိမ်တော်က အဲ့လိုပဲလားလို့မြို့တော်ကလူတွေပြောနေကြမယ်
မင်းကြီးနားထဲရောက်သွားရင်ဘယ်လိုလုပ်မလဲမင်းအဖေကိစွတွေကိုဝင်မပါစမ်းပါနဲ့
ဆိုယွန်း....''
''အာ..အမေဆိုယွန်းက ''
"တော်တော့ဆိုယွန်း...ဆက်မပြောနဲ့.."
''အမေညီမတော်ကငယ်သေးလို့ပါ
သူနားမလည်သေးလို့ဖစ်ပါလိမ့်မယ်ကျတော်ဆုံးမပေးပါမယ်ဆိုယွန်းကို ကြားလားဆိုယွန်း...."
"ဟူးးnae...."
အကိုတော်ကိုရုပ်ကလေးကဆူပုတ်ပီးပြောသေးသည်။

အများအားလုံးကြောက်ရတဲ့သူ...
ရုပ်ချောလွန်း၍အမျိူးသမီးများကြားထဲနာမည်ကြီးလှ...တိုက်ခိုက်ရည်ကလည်း
ကျွမ်းကျင်လို့ မြို့တော်၌ကင်သခင်လေးက နာမည်ကြီးလှသည်။
ဒါတွေကိုဆိုယွန်းမသိသဖြင့်သူအားဘယ်ကြောက်မလဲလို့တွေးဖစ်မိသည်။

''ဒီနေ့တွေလည်းအရင်ကလိုပဲ
ပျင်းနေရအုန်းမယ် ရားးဆူအာ ''
''မမလေးဘာလိုလို့လဲ ''
"ဟင့်အင်းငါဘာမှမလိုဘူးပျင်းလွန်းလို့ခေါ်လိုက်တာ"
"အာမမလေးကလည်းပျင်းလို့လားပန်းချီမဆွဲဘူးလားမဟုတ်ရင်အကကလေ မမလေးနှစ်သက်တယ်မဟုတ်လား....ဆူအားကသခင်မကြီးခိုင်းထားတာတွေများနေတာမပီးရင်ဆူခံထိမယ်မမလေးရယ်ဆူအာကိုလွှတ်ပေးပါနော်မမလေးနော်...."

*တောင်းတောင်းပန်ပန်နဲ့
ပြောလာသောကြောင့်ဆူအာကိုလွှတ်ပေးလိုက်ရပြန်ဟူးးး*ဆူအာကလည်းသူမနဲ့အသက်ကသိပ်မကွာညီအမလိုပဲနေခဲ့ကြသည်။

"ဟာအွန်းတယောက်ကလည်းလာမလည်တာကြာ​ပြီဒီဟာမလေးငါနဲ့တွေ့မယ် လာလို့က‌​တေ့ာ မခေါ်ဘဲစိတ်ကောက်အုန်းမှာ..."
'' မမလေး....''
''ဘာလဲ"
စိတ်တိုတိုနဲ့ဆူအားကိုဟောက်လိုက်မိသည်။
"ဟာအွန်းလာလည်တယ်"လို့ပြောနေတုန်းရှိသေး....
''သူငယ်ချင်းကြီးဘယ်လိုလဲအပြင်မထွက်ရတာပျင်းနေပီလားဆူအားဆီကကြားပါတယ်နော်"
"သွား....အခုမှလာဖားနေတယ်ငါ့ဆီကျလာမလည်ဘူး "
"ဆိုယွန်းရာဟာအွန်းကလည်းမအားလို့လေအမေကိုကူညီပေးရသေးတယ်
ဆိုယွန်းလိုအကို မမလေးလိုနေရတာမဟုတ်ဘူးဟဲဟဲစည်းကမ်းနဲ့လေ"
*ဒီဟာမလေး*..လူကိုစနောက်သလိုနဲ့ပြောလိုက်သေးသည်။

''ငါတို့ဈေးထဲသွားကြမလား
ပိုးထည်လေးတွေအသစ်ရောက်တယ်ဆံထိုးလေးတွေကော
လှတယ်တဲ့ဆိုယွန်းနဲ့အတူသွားရွေးချင်နေတာ ''
"အမေကမှမလွှတ်တာ"
"နင်ကလည်းငါအ​ေမကိုပြောပေးပါမယ်"
"တကယ်နော် သွားကြရအောင်...."

###########

~MY LOVE HEART IS YOU~Tempat cerita menjadi hidup. Temukan sekarang