1 (Uni +ZawGyi)

5.9K 227 6
                                    

"ParkJimin နင့်ကိုငါ့သားအနား
ထပ်မကပ်ဖို့ပြောထား‌တာဦးနှောက်မရှိလို့
မှတ်မထားတာလား ငါဒီနေ့နင့်ကိုအသေသတ်မယ် နင့်ရဲ့အစိတ်ပိုင်းတေအားလုံးကို
ရိုက်ချိုးပီး မြေမြုပ်ပစ်မယ် ဒါမှအသိစိတ်၀င်လာရအောင်"

သွေးအလူလူဖြင့်မချိမဆန့်ခံစား
နေရသောထိုလူသားငယ်အတွက်အား
ကိုးရာဟူသည်ဘယ်မှာမှန်းမသိ
နှိပ်စက်ခံထားရသောခန္ဒာကိုယ်ကြောင့်
ရင်ဘတ်နဲ့၀မ်းဗိုက်များစုတ်ပြတ်သတ်နေပြီး အရိုးများလည်းတစ်ချောင်းစီအချိုးခံထား
ရသကဲ့သို့နာကျင်လွန်းရ၍ တုံ့တုံ့မှမလူပ်နိုင်တော့။

"သတ်လိုက် အသေသတ်လိုက်
ကျုပ်သေသွားရင်ခင်ဗျားသားလဲ
မကြာဘူးကျုပ်နောက်လိုက်လာ
မှာပဲလေ ဟားဟား...."

ရုတ်တရက်ပါးပြင်ပေါ်သို့ရောက်ကျ
လာသောပြင်ထန်သောရိုက်ချက်။
ထိုစကားကာသူမ၏ဒေါသသွေးများကိုအကြိမ်ကြိမ်ဆူပွက်စေသဖြင့်ထိုလူသား
၏ပါးပြင်အားသုံးချက်ဆင့်ရိုက်ကာ

"နင့်ပါးစပ်ကိုပိတ်ထားစမ်း အစထဲက
နင့်ဘက်ကကင်းအောင်နေရင်ငါ့သားဘာမှဖြစ်လာစရာအကြောင်းမရှိဘူးသိရဲ့လားအောက်တန်းစားကောင်ရဲ့"

"ကျုပ်ကကင်းတယ် ဘယ်လောက်
တောင်ကင်းအောင်နေခဲ့လဲဆိုရင်
ခင်ဗျားသားစိတ်‌ဖောက်ပြီးဆေးရုံမှာ
2ပတ်လောက်သွားအိပ်လိုက်ရတဲ့ထိပဲ
သနားလို့သာပြန်လာ‌ပေးရတာ ခင်ဗျား
လဲသိမှာပါ ခင်ဗျားသားကသာတွယ်ကပ်
နေတဲ့ကောင်ဆိုတာ"

"Parkjimin ........နင်....နင်........
သတ်ပစ်လိုက် လုံး၀အရှင်မထားနဲ့
အဲ့‌အကောင်ကို တစ်စစီလုပ်ပစ်လိုက်ကြစမ်း"

ပြင်းထန်ခြေကန်ချက်များကြောင့်
ပျော့ခွေနေကာသေသွားပြီးထင်ရလောက်
တဲ့ထိ အသက်ရူသံပင်နှေးကွေးလာသည်

"သူ့ကိုကားပေါ်တင်လိုက်"

"မသတ်ဘူးလား
မင်းပြသာနာတတ်လိမ့်မယ်နော်"

"ထားလိုက်ပါသူလှုန့်တောင်နိုင်‌ေတာ့တာ
မဟုတ်ဘူး ဟန်းမြစ်ဘေးမှာသွားပစ်
ထားလိုက်မယ် ကယ်တဲ့သူပေါ်လာလဲ
သူ့ကံပေါ့ လူတစ်ယောက်ကအဆုံးထိ
ကံဆိုးနိုင်လား မနိုင်လားစောင့်ကြည့်ရတာစိတ်၀င်စားဖို့‌မကောင်းဘူးလား"

ခါးသက်သက်အပြုံးWhere stories live. Discover now