part 15💔

2.4K 160 37
                                    

Unicode version:;

"hello Jungkook ခနလောက်တွေ့ရအောင်
တွေ့ပြီးပြောစရာရှိလို့ပါ...."

".............."

"အင်း...ငါစောင့်နေမယ်"

ဖုန်းချသွားပြီးနောက်ဓာတ်ပုံတစ်ပုံကိုကြည့်ကာ
ပြုံးလိုက်သည်။ interviewနေ့ကပြောခဲ့တဲ့စကားတွေအတွက်ဖြရှင်းချက်လိုအပ်သည်။
သူမာမီ့ကိုပြောခဲ့သလိုပဲ Jungkookကိုသူမှမရရင်ဘယ်သူမှမရစေရဘူးဆိုတဲ့စကားက
စနောက်ခဲ့တာမှမဟုတ်ပဲ။

"ထယ် Yoongi hyungနဲ့အဆင်ပြေနေတယ်
ဆိုတော့ငါ့ကိုပစ်ထားနိုင်ပြီးပေါ့လေ"

"မဟုတ်တာကွာပစ်စရာလား....
မင်းတစ်နေရာသွားမလို့လား"

"အင်း Jungkookဆီ...."

"ဂျီမင် ဘာလုပ်မလို့လဲထပ်ပြီး.....
မင်းမသွားသင့်တော့ဘူးလေ
မနက်ဖြန်ဆိုရင်ပဲသူလက်ထပ်တော့မှာကို"

"ဘာသဘောမှမဟုတ်ပါဘူး နှုတ်ဆက်ချင်ရုံပါ
ပြီးတော့ငါနားမလည်တဲ့ကိစ္စတွေကို
ဖြေရှင်းချက်ယူပြီးပြန်လာမှာပါ
စိတ်ပူမနေပါနဲ့ ငါ့မှာလဲမာနရှိပါတယ် ထယ်ရာ"

"ပြီးရောလေ လိုက်ပို့ဖို့လိုသေးလား"

"ဟအင်း ရတယ် ငါသွားနှင့်ပြီး
Yoongi hyung....ထယ်ကိုဂရူစိုက်နော်
Hyungလည်းချစ်တတ်သွားပြီးပဲ....."

သူအရူးအမူးချစ်ခဲ့တုန်းက hyungသူ့ကိုမြင်ခဲ့ပုံမပေါ်ပါဘူး။ သူ့ကို ညီတစ်ယောက်လိုပဲဂရုစိုက်ပေးခဲ့တယ်ဆိုတာကိုသိပေမဲ့ လွယ်လွယ်လက်လျှော့လို့မရခဲ့ဘူး။‌ ကျောင်းတတ်တုန်းက hyungအ‌နောက်ကိုတစ်ကောက်ကောက်လိုက်ပြီး စကားတွေလိုက်ပြောခဲ့ဖူးတယ် ပြန်ချစ်လာအောင်အမျိုးမျိုးလုပ်ဖူးတယ် hyungမကြိုက်ဘူးဆိုလို့ပြောင်းလဲပစ်ခဲ့တာမှအများကြီး။ကျ‌တော်ပြန်ရလိုက်တဲ့စကားက
"hyungမင်းကိုညီလေးတစ်ယောက်လိုပဲခင်ချင်ခဲ့တာ ဘာလို့ဆိုမင်းကချစ်ဖို့ကောင်းတယ်လေ hoseok ရဲ့ညီလေးကကိုယ့်ရဲ့ညီလေးပဲပေါ့ ကိုယ့်ကိုစိတ်ရူပ်အောင်မလုပ်ပါနဲ့‌နော်" တဲ့။

ပေးခဲ့တာကတော့မေတ္တာတွေပါပဲ ဒါပေမဲ့တခြားသူကလက်မခံ‌ချင်တဲ့အခါကိုယ့်ရဲ့မေတ္တာတရားတွေဟာသူ့အတွက်စိတ်ရူပ်စရာ‌တွေဖြစ်သွားတတ်တယ်။
အသံအေးအေး စကားချိုချိုတွေနဲ့ သူ့ကိုအငြင်းကြီးငြင်းပစ်ခဲ့ဖူးတဲ့သူက အခုများကျတော့ထယ့်ကိုချစ်တယ်တဲ့‌လေ။ တချို့အချစ်တွေကပေးတိုင်းပြန်မရတတ်ဘူး။ ဒါပေမဲ့hyungကိုပေးခဲ့တဲ့အရာတွေတိုင်းအတွက်ပြန်ရချင်တဲ့စိတ်တစ်ခုမှမပါခဲ့လို့ hyungပြန်မချစ်တာကိုကျတော်
ဗွေမယူပါဘူး။ ကျတော်hyungကိုဆက်ပြီးသဘောကျနေဦးမှာ။ဒီတစ်ခါတော့
အစ်ကိုကြီးတစ်ယောက်လိုမျိုးပေါ့။

You've reached the end of published parts.

⏰ Last updated: Aug 17, 2021 ⏰

Add this story to your Library to get notified about new parts!

ခါးသက်သက်အပြုံးWhere stories live. Discover now