part 7 💜

1K 102 4
                                    

အနီးနားကတွေ့ကရာခုံတစ်လုံး‌အားဆွဲထိုင်ပြီး အိပ်ယာပေါ်ကအိပ်နေလားမအိပ်နေလားမသိသောကိုယ်လုံးသေးသေးလေးဆီသို့အကြည့်တေပို့ကာ

"Hyungသူနဲ့နေတာကြာပြီးလား"

စိတ်အခြေနေကမမေးသင့်မှန်းသိပေမဲ့
ပုံမှန်ဖြစ်နေကျလူတစ်ယောက်လိုမျိုး
ပေါ့ပေါ့ပါးပါးအိပ်ယာပေါ်ပစ်လှဲလိုက်တာကြောင့်ရင်ဘတ်ထဲအောင့်သက်သက်ရယ်။

"အင်း.....နဲနဲတော့ကြာပြီး
သူကငါတစ်ယောက်ထဲအဆင်မပြေမှာစိုးလို့
လာနေပေးတာ ..."

စကားအဆုံးအကျီတေကိုရုတ်တရက်ချွတ်ပစ်လိုက်တော့ အပေါ်သွေးအောက်သွေးတေပြောင်းပြန်စီးသွားသလားပဲ။
အခန်းထဲလဲသူတို့နှစ်ယောက်ထဲမဟုတ်။
Kim Taehyungဆိုတဲ့သူကလည်းရှိနေသေးတာကြောင့်ဘာလုပ်ရဘာကိုင်ရမှန်းမသိနဲ့ထူပူသွားခြင်းပင်။

"ဘာလုပ်တာလဲ!!!
ပြန်၀တ်ထားစမ်း !!!
နှစ်ယောက်ထဲမဟုတ်ဘူး‌နော်....
သူစိမ်းရှိနေ‌တာကို"

"ပူလို့ရေချိုးမလို့....
ပြီးတော့ ထယ်ကသူစိမ်းမဟုတ်ပါဘူး
ညတိုင်းအတူနေတာပဲကို....."

ParkJimin !!!!!

ကိုယ်သေးသေးလေးအားနံရံဘက်သို့
အားကုန်ဆွဲပစ်ကာပါးနှစ်ဖက်အားဖျစ်ညှစ်ပစ်လိုက်တော့နာလို့မျက်ရည်‌၀ဲလာသူ။

"ဘာလို့ငို‌နေတာလဲ!!!!နာလားး
ငါကပိုပြီးနာတယ်သိလား တစ်သက်လုံးအလိုလိုက်ထားတော့ခင်ဗျားကဒီမှာဖြစ်ချင်တိုင်းလာဖြစ်နေတာလား
ပြောစမ်း!!!သူဘယ်နေရာတေထိပြီးပြီးလဲ"

ရုတ်တရက်အသံတေကျယ်လာတော့
Taeသည်အ၀တ်စားလဲခန်းမှထွက်လာကာ အခြေနေမကောင်းမှန်းသိသည်။

"ဟိုလေ ဘာတေဖြစ်‌နေမှန်းတော့မသိပေမဲ့
ချစ်သူတေပဲမဟုတ်လား
ပြေပြေလည်လည်လေးပြောကြပါနော်
ဟို....ကိုယ်ထွက်သွားပေးဖို့လိုလား"မင်"

"မင်"တဲ့လား ။သေလိုက်စမ်းJeonjungkook။
ရူးပစ်လိုက်စမ်း။‌ပေါက်ကွဲချလိုက်စမ်း။တစ်သက်လုံးကိုယ်တောင်မခေါ်ဖူးတဲ့
နာမ်စားနဲ့ကိုယ့်ရှေ့နူးညံ့ပြနေတဲ့သူတစ်ယောက်.....။
ဘာတေမှားနေတာလဲ
ဘာကိုအရင်ပြင်ရမလဲ မှားနေတဲ့နေရာပင်
မသိလောက်တဲ့ထိဦးနှောက်တေကစဉ်းစားမတတ်တော့။
စိတ်ထဲမှာကတော့"မင် လို့နူးညံ့ပြသွား
သူကြီးကိုအရင်သဂြိုလ်ပြီးမှ
သူ့အရှေ့ကမာယာလွန်းတဲ့အလှဘုရားငယ်
အားသုတ်သင်ပစ်ချင်စိတ်ကတစ်ဖွားဖွားရယ်။

ခါးသက်သက်အပြုံးWhere stories live. Discover now