အပိုင်း ၁

271 18 6
                                    

Unicode

" သူငယ်ချင်းအဖြစ်တွေ့ဆုံမှုလေးပေါ့ "
.
.
.
.
.
Hoodie ပန်းရောင်လေးကို ဘောင်းဘီတိုလေးတွဲ၀တ်ကာ နေကာမျက်မှန်လေးနဲ့ ပနှံသင့်လှတဲ့ အသားဖြူဖြူကောင်လေးကတော့ လေဆိပ်ကနေပြီး လာကြိုမယ့်သူကို ရှာနေဆဲ...

ရုတ်တရက် Luggage တစ်ဖက် နောက်တစ်ဖက်မှာက အထုပ်တစ်ခုကိုဆွဲကာလက်မှာလည်း အကျီကို ချိတ်ပြီး ဖယိုဖရဲ နဲ့ လူတစ်ယောက် ကိုတော့ အဖြူကောင်လေးကရှောင်ပေးသော်ငြားလည်း ထိုလူခမျာ မရှောင်နိုင်အောင် ယိမ်းထိုး ၀င်တိုက်လေတယ်

" အာ sorry နော် တောင်းပန်ပါတယ် "

" ဟို ရ..ပါတယ် ခင်ဗျားလည်း...အထုတ်ပိုးတွေ..နဲ့ကို "

" မင်းက ထိုင်းလူမျိုး မဟုတ်ဘူးလား "

"ကျနော်က ထိုင်းတရုတ်...ကပြားလေ ထိုင်းလိုက သိပ်..ပြောလေ့မရှိတာကြောင့်ပါ "

" အော် ဘာပဲဖြစ်ဖြစ် Sorry နော် "

" ဟုတ် ရပါတယ်~~~အာ P'Off ကျနော် ဒီမှာ🙋‍♂️ "

Tay လည်း ကောင်လေးပြောသံနောက် လှည့်ကြည့်တော့

" A'Off မင်း....နောက်ကျလိုက်တာကွာ ငါ့မှာ အထုတ်ပိုးတွေနဲ့ကို "

" ဟမ် အေးပါကွာ မင်းတို့က တွေ့ပြီးနေကြပြီလား "

Off လည်း New နဲ့ Tay ကို လက်ညိုးထိုးကာ ပြောလိုက်သည်

" မင်းပြောထားတဲ့ travel blogger က သူလား "

"အေး ဒါနဲ့ Nong New ဒါ အကိုသူငယ်ချင်း Tay တဲ့ သူလည်း tourist Guide လေ မြန်မာနဲ့ ထိုင်းလို ကျွမ်းတယ် တရုတ်လည်း နည်းနည်းရတယ် "

" အာ Tae တွေ့ရတာ ၀မ်းသာပါတယ်နော် "

" အေး "

ဒီအနှီလူသားလေးက အားရပါးရ နှုတ်ဆက်လိုက်ပေမဲ့ Off ကတော့ Tay ရဲ့ ပုံပျက်သွားတဲ့ မျက်နှာကို ကြည့်ရင်း ခွက်ထိုးခွက်လန် ရယ်ပါလေရဲ့

" 5 5 5 5 5 "

" မင်းကဘာကိုရယ်တာလဲ ဟေ့ ၀တုတ် ငါ့နာမည်က Tay...Tae မဟုတ်ဘူး ပြီးတော့ Phi ထည့်ခေါ်လေကွာ "

𝐀𝐫𝐞𝐚 𝐦𝐨𝐫𝐞 𝐭𝐡𝐚𝐧 𝐣𝐮𝐬𝐭 𝐋𝐨𝐯𝐞💙 ( Uni+ ZG )Where stories live. Discover now