အပိုင်း ၃

76 8 0
                                    

Unicode

သူငယ်ချင်းထက် ပိုနေမိတာလား
.
.
.
ဒီနေ့ မနက်တော့ ကျနော် အစောကြီးနိုးနေတယ်လေ
ဘေးကြည့်တော့ ဝက်ပေါက်လေးက ခွေခွေလေး အိပ်လို့ကောင်းတုန်း

သူ့မျက်နှာလေးက တကယ့် ကလေးလေးလို့ပဲ

သူရဲ့ မျက်ခမ်းစက်က မှဲ့လေး နှာဖျားထိပ်က မှဲ့လေးတွေက သူ့ရဲ့ ဆွဲဆောင်မှုကို ပိုစေတာပေါ့

ကျနော်တို့ တွေ့တာ မကြာသေးပါဘူး အတိအကျဆို ဒီနေ့နဲ့မှ သုံးရက်ပေါ့

ဒါပေမဲ့ ကျနော့်စိတ်တွေကတော့ ၃ ရက်ဆိုတဲ့ အချိန်တွင်းမှာ တစ်ခါမှ မခံစားဖူးတဲ့ ခံစားချက်အစုံကို သူနဲ့မှ ခံစားဖူးနေရတာ
ကျနော်သေချာသိတာတော့ ကျနော် New ကို သူငယ်ချင်းတစ်ယောက် ညီတစ်ယောက်ထက် ခံစားချက်ပိုနေမိပြီဆိုတာပါပဲ
ကျနော် သူ့ကို အဆုံးရှုံးမခံနိုင်ဘူး.....

" New ထတော့ နောက်ကျနေပြီ ငါ ရေချိုးနှင့်မယ်နော် "

ကျနော် New ကိုနိုးပြီး ရေချိုးခန်းထဲ ၀င်လာခဲ့တယ် အပျင်းလေးက ရေချိုးခန်းထဲက ထွက်လာတာတောင် ခုထိမနိုးသေး

" Hin မထသေးဘူးလား ပင်ပန်းနေလို့လား ချင်းမိုင်သွားရမယ်လေကွာ "

" အွန်း သွားမယ် ခုတော့ ၅ မိနစ်ပဲနော်... နော် "

" အာဆို ငါ အောက်မှာ စောင့်နေမယ် မြန်မြန်ပြင်ဆင်ပြီးထွက်ခဲ့နော် "

Newလည်း Tay ထွက်သွားမှ အိပ်ရာကနေ ထထိုင်တော့တယ် အမှန်ကတော့ Tay ပထမခေါက်နိုးတည်းက နိုးနေတာ နက်ဖြန်ပြန်ရတော့မှာကိုသာ တွေးမိပြီး စိတ်ညစ်လို့ မထသေးဘဲ ခွေနေမိတာ...

New တွက် မေမေသေတည်းက အဖေက ပိုပြီးအလိုလိုက်စောင့်ရှောက်ပေမဲ့ ကျနော့်တွက် နွေးထွေးမှုဆိုတာ သေချာမရတော့တာကြာပြီ အရင်တည်းက အပေါင်းသင်းနည်းတဲ့ ကျနော့်အတွက် Tay လိုဂရုစိုက်ပေးတဲ့ လူနဲ့နေရတာ ပျော်ရွှင်မှုသာမက နွေးထွေးမှုပါ ခံစားရတယ် ဘယ်နှစ်ရက်မှ ခင်တာမဟုတ်ပေမဲ့ Tay က ကျနော့်အတွက် အကောင်းဆုံးလူပါ Tayနဲ့ ခွဲရမှာကို ကျနော် တကယ် စိတ်ညစ်နေမိတယ် အကြောင်းပြချက်ပေးပါဆိုရင်တော့ ကျနော် တကယ်မသိသေးဘူး.....

𝐀𝐫𝐞𝐚 𝐦𝐨𝐫𝐞 𝐭𝐡𝐚𝐧 𝐣𝐮𝐬𝐭 𝐋𝐨𝐯𝐞💙 ( Uni+ ZG )Where stories live. Discover now