အပိုင်း- ၄

67 8 0
                                    

Unicode

ပြန်ဆုံတွေ့ကြတဲ့အခါ......
.
.
.
.
.
New ပြန်မယ့် ဒီမနက်မှာတော့ အရာရာက ပုံမှန်ထက် ပိုတိတ်ဆိတ်နေတယ်

Tay နိုးလာရင်တောင် မထသေးတဲ့ ၀က်ဝံပေါက်လေးက ဒီနေ့တော့ အစောကြီးနိုးပြီး အပြင်မှာ လမ်းလျှောက်နေရဲ့

မနက်စာစားရင် သူများလုစားမှာစိုးလို့ ကလေးလို ပလုပ်အလောင်းစားတတ်တဲ့
ဝတုတ်ဟာ ဒီနေ့တော့ စားနေရင်း ဝိညာဥ်ပျောက်နေသလို

တစ်ခုခုဆို မပြီးမပြတ် ရှင်းပြတတ်တဲ့ တလွဲတချော်ကိုယ်တော်ကလည်း ထမင်းပန်းကန်ကိုသာ အာရုံစိုက်နေဆဲ

အိမ်ရဲ့ ဘယ်နေရာမှာနေနေ ငြင်းခုံတတ်တဲ့ ကြောင်နဲ့ကြွက်က ခုတော့ သူတို့မဟုတ်သလို...

ဒီတိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်တာက

" Hin.. "

New ကတော့ ခေါင်းသာငြိမ့်ပြပြီး

" ဘယ်အချိန် လေယာဥ်နဲ့လဲ ငါ လိုက်ပို့ရအောင်လို့လေ "

" နေ့ခင်း လေယာဥ်နဲ့ မင်းတကယ် လိုက်ပို့မှာလား Tae "

" အေးပေါ့ Off ကလည်း ဒီနေ့ပြန်မရောက်သေးဘူးလေ ငါမပို့ရင် ဧည့်၀တ်မကျေဘူးဖြစ်မှာပေါ့ကွာ "

" ဧည့်ဝတ်...ကျေချင်တယ်ဆိုရင်တော့ မပို့နဲ့ အားနာစရာ.တွေ များနေပြီပဲ ဒီရက်တွေမှာလည်း မင်းအပေါ် ပင်ပန်းစေ...ပြီးပြီကို "

" အာ Hin ကလည်း ငါ စကားမှားသွားတာ Sorry ကွာ မင်းကို လိုက်မပို့ရမှ တကယ်စိတ်မကောင်းဖြစ်နေမှာ လိုက်ပို့မယ် ဒါပဲ Ok နော် "

" ပြီးတာပဲ မင်းအဆင်ပြေသလိုပေါ့ Tae "

တိတ်ဆိတ်မှုဟာ ပြန်စိုးမိုးသွားပြန်တယ်

New ကလည်း သူ့ပစ္စည်းတွေ ပြန်စစ်နေသလို Tay ကလည်း လိုက်ပို့ဖို့ ပြင်ဆင်နေတယ်

" Tae လေဆိပ်ကိုစောစောသွားမယ်နော် "

"ဟမ် အေးအေး "

" Hin.. "

" ဘာပြောမို့လဲ "

" ငါ... "

𝐀𝐫𝐞𝐚 𝐦𝐨𝐫𝐞 𝐭𝐡𝐚𝐧 𝐣𝐮𝐬𝐭 𝐋𝐨𝐯𝐞💙 ( Uni+ ZG )Where stories live. Discover now