အပိုင်း ၂

90 9 0
                                    

Unicode

သူငယ်ချင်းတွေထက် ပိုသော ဂရုစိုက်မှုတွေ...
.
.
.
.
.
" Taeeee ဒီပိုက်ဆံအိတ်က ယူဖို့မလား "

New အခန်းထဲကနေ ပိုက်ဆံအိတ်လေး ကိုင်ပြီး ဆင်းလာရင်း မေးတော့

" ဟုတ်တယ် ငါက ယူပြီးသွားပြီထင်တာ ကျေးဇူးပဲ "

" Tae မင်းက ရှပ်တီးရှပ်ပြာနဲ့ပဲ "

" Hin ငါမင်းထက် အသက်ကြီးတယ်နော် "

" ဒါလေးပြောတာကို "

ဒီနှစ်ယောက် ဒီနေ့အပြင်ရောက်ဖြစ်ပါတော့မလား ဒီလိုငြင်းခုံနေတာ...

" Hin မင်းကားမောင်းတတ်တယ်မလား ရော့ကားသော့ ခုတော့ Wat Arun ကိုသွားမယ် "

" ဟင် Central world ကော "

" ပြန်လာရင် နောက်မကျပါဘူး အဲကျ ၀င်မယ်လေ "

" ပြီးကော ခုသွားမှာက ဝေးလား Tae ဘယ်ထိလဲ "

" သိပ်မဝေးဘူး ၁၀မိနစ်လောက်ပဲ လမ်းတစ်၀က်ကျ ကားရပ်ပြီးသွားကြမယ် "

" ဟမ် "

" ငါက မင်းကို ရောက်တဲ့နေရာတိုင်းထူးထူးခြားခြားဖြစ်စေချင်လို့ "

လမ်းတစ်၀က်ရောက်တော့ ကားရပ်ပြီး တာနဲ့ Tayမြန်မြန်သွားတဲ့နောက်ကို New ခဗျာတော့ နေရိပ်တဲ့နေရာကနေ ရွေးသွားနေတော့ Tay က ပြောတာနဲ့ Thitipoom တစ်ယောက် အမြန်အမှီလိုက်ရလေရဲ့

Scooter တွေငှားတဲ့နေရာရောက်တော့ Tayက နားပြီး

" Hinငါတို့ ဘုရားထိကို ဒါစီးပြီးသွားရအောင် "

" Tae နေပူတယ်လေ "

" ညည်းမနေနဲ့ "

"  ဒါပေမဲ့ ငါနေလောင်မခံနိုင်ဘူး "

" ရော့ မင်းအတွက် ငါအပေါ်၀တ်ယူလာတယ် ဒါစီးရတာ မင်းကြိုက်သွားလိမ့်မယ် Hin "

Tay လည်း မနက်က ဘာကို စဥ်းစားမိမှန်း မသိ ဒီ၀တုတ်အတွက်ဆိုပြီး လက်ရှည်တစ်ထည် ယူလာမိတယ် ယူရမယ့် ပိုက်ဆံအိတ်ကျတော့ ကျန်တော့မလို့ပေါ့

" Tae ကလည်း ယူလာရင် ယူလာတယ် အရင်တည်းက မပြောဘူး  "

အဲလိုနဲ့ နှစ်ယောက်သား ဘုရားပရ၀ဏ်နားအထိ Scooter စီးသွားလေရဲ့
လမ်းတစ်လျှောက်လည်း ကြောင်နဲ့ကြွက်ဟာ ဘာမဟုတ်တာလေးတွေကို ငြင်းခုံနေသေးတာပေါ့

𝐀𝐫𝐞𝐚 𝐦𝐨𝐫𝐞 𝐭𝐡𝐚𝐧 𝐣𝐮𝐬𝐭 𝐋𝐨𝐯𝐞💙 ( Uni+ ZG )Where stories live. Discover now