အပိုင်း - ၅ ( ဇာတ်သိမ်း )

141 13 0
                                    

Unicode


  ငါတို့အတွက် ငြင်းခုံနေရတာ အချစ်ပဲ
.
.
.
.
.
ဘုရားပေါ်ရောက်တော့ ဘုရားပန်းစည်းလေးတွေနဲ့ ရင်ပြင်တစ်ပတ်ပတ်တာပေါ့

" မင်းနဲ့အတူ ခရီးထွက်တာမို့ မင်း နေရာစုံ လိုက်ပို့ရမှာနော် "

" ဒါနဲ့ အဖြေပေးတော့လေ "

" ဟို ဟို ငါမေးမလို့ ဟိုမှာနေ့နံတွေက ဘာလုပ်တာလဲ "

" အေး လမ်းကြောင်းလွှဲထားအုန်း ၀တုတ် ဒီမှာက ကိုယ့်မွေးနံအလိုက် ဘုရားပူဇော်လို့ရအောင် အဲသဘောမျိုး ပြီးတော့ မြန်မာတွေက မွေးတဲ့နေ့နံနဲ့ နာမည်ပေးကြတာလေ "

" အာဆို မင်းမြန်မာနာမည်ကကော Tae "

" ငါက စနေသားမို့ တ / ထ / န တို့နဲ့ နာမည်စပေးရတယ် နာမည်က နေလင်း "

" နေလင်း ငါလည်း စနေနေ့မွေးတာ ဒါပေမဲ့ ငါ့နာမည်က နယူးဆိုတော့ ပြောင်းစရာမလိုဘူး ဟုတ်တယ် အဲလိုမလား "

" ဟုတ်တော့ဟုတ်တယ် ဒါပေမဲ့ မြန်မာနာမည်နဲ့တူအောင် နယူးလင်း အဲတာက ပိုအဆင်ပြေတယ် နယူးလင်း "

" ဟီး နယူးလင်း မင်းက နေလင်း မိုက်တယ် "

ဘုရားတန်ဆောင်းထဲ၀င် ရှိခိုးပြီးတော့
ဘုရားပေါ်က အဆင်း

" Hin မင်း ငါ့ကို ချစ်လား ပြောအုန်း "

" Tae မင်း ကလေးလိုမလုပ်နဲ့ ဘုရားပေါ်မှာလေ "

" ချစ်တယ်ဆိုတာလေးပဲ ကြားချင်တာလေကွာ ငါ မင်းကို စောင့်နေတာကို "

" အွန်း ပြောမယ် ဒါပေမဲ့ ဘုရားပေါ်မှာတော့ မဟုတ်သေးဘူး "

" Hin မင်းကလည်း "

" ပေးပါမယ်ဆို လာ နောက်တစ်နေရာသွားမယ် "

အဲလိုနဲ့ Tay လည်း ဆူပုပ်ရင်း ၀န်ကြီးများရုံးကို ခြေဦးလှည့်တော့တယ်

" ဒီနေရာကို မင်းကြိုက်မယ်ထင်လို့ခေါ်လာတာ ကြိုက်တယ်မလား "

New က အဆောက်ဦးကို ငေးနေရင်း Tay ကိုတောင် ပြန်မကြည့်နိုင်ဘဲ

" အွန်းကြိုက်တယ် အရောင်ကလည်းလှတယ် အဆောက်ဦးကြီးကလည်း ကျက်သရေရှိတယ်နော် "

𝐀𝐫𝐞𝐚 𝐦𝐨𝐫𝐞 𝐭𝐡𝐚𝐧 𝐣𝐮𝐬𝐭 𝐋𝐨𝐯𝐞💙 ( Uni+ ZG )Where stories live. Discover now