Kaung Satt ♥ War May

970 116 236
                                    

True Love Season I ပြီးတာနဲ့ ဖတ်လို့ရပါတယ်❤

(Unicode)

အချစ်စစ်...

လူတွေက အချစ်စစ်ဟေ့လို့ ကြွေးကြော်ဖို့အတွက် ဘယ်လိုသဘောတရားတွေနဲ့ အတည်ပြုခဲ့ကြပါသလဲ။

အချိန်ကာလ ဒါမှမဟုတ်...

သစ္စာရှိမှု ဒါမှမဟုတ်သေးရင်တော့...

ဂရုစိုက်မှု...။

စစ်တမ်းကောက်ကြည့်ရင်တော့ အလေးသာတဲ့ အဖြေတစ်ခုရလောက်ပေမယ့် ကောင်းဆက်နိုင် စိတ်မဝင်စား..။ 

ဒါပေမယ့် သူ့ကိုလာမေးရင်တော့ 'နားလည်မှု' လို့ ပြန်ဖြေဖြစ်လောက်ပါသည်။ 

ဟုတ်ပါသည်၊ အချစ်မေတ္တာကို ခဏဘေးဖယ်ထားပြီး စဉ်းစားကြည့်မယ်ဆိုရင် ကောင်းဆက်တစ်ယောက် ချစ်သူမေ့အပေါ်မှာထားတဲ့ နားလည်နိုင်စွမ်းက သူတို့နှစ်ယောက်ရဲ့ ချစ်သူသက်တမ်းကို ဒီလောက်ထိရှည်ကြာစေတဲ့ အဓိကအကြောင်းအရင်းတွေက တချက်ပါ။ 

ဒီနေ့ပဲ ကြည့်လေ..၊ 6 Years Anniversaryနေ့မှာတောင်မှ နောက်ကျကောင်းနေတဲ့ ချစ်သူကို စိတ်ရှည်လက်ရှည်နဲ့ ထိုင်စောင့်ပေးနေနိုင်တာကိုက တော်ရုံတန်ရုံ နားလည်မှုမျိုးမဟုတ်..။ 

လက်မှာပတ်ထားတဲ့ နာရီကိုလှမ်းကြည့်ရင်း ချစ်သူမေလာမယ့်လမ်းကိုသာ ကောင်းဆက် နောက်တကြိမ်ထပ်ငေးကြည့်မိသည်။ သက်ပြင်းကို ခပ်သွက်သွက်ချလိုက်ရင်း ကော်ဖီခွက်ကို ကောက်ကိုင်လိုက်တော့ ခွက်ချည်းသာပါလာပါသည်။

"ညီမလေး အစ်ကို့ကို ကော်ဖီနောက်တစ်ခွက်လောက်"

"ဟုတ်ကဲ့"

စားပွဲထိုးကောင်မလေး လာချပေးတဲ့ ကော်ဖီခွက်ကို လှမ်းယူပြီးမှ အတွေးပင်လယ်ထဲမှာ ပက်လက်မျောပစ်လိုက်သည်။ 

ကောင်းဆက်နိုင်နဲ့ စံကားဝါမေတို့ ချစ်သူဖြစ်ခဲ့ကြတာ ဒီနေ့ဆိုရင် ၆နှစ်တိတိပြည့်ပြီ။ 

ဆယ်တန်းစာမေးပွဲ နောက်ဆုံးနေ့မှာ စတင်ခဲ့တဲ့ သူတို့နှစ်ယောက်ရဲ့ အချစ်တွေက ဘွဲ့ရပြီးလို့ လုပ်ငန်းခွင်ထဲရောက်တဲ့အထိ ခိုင်မြဲနေဆဲ..။ 

Love Flowers are in Blossom (One-Shot Collection)Where stories live. Discover now