True Love Season I ပြီးတာနဲ့ ဖတ်လို့ရပါတယ်❤
(Unicode)ဘဝမှာလေ ဖြစ်လာလိမ့်မယ်လို့ ထင်ခဲ့ရာကနေ ဖြစ်မလာနိုင်မှန်း သိလာလို့ လက်လျှော့လိုက်ကာမှ ဖြစ်လာတာမျိုးကို ကြုံဖူးကြတဲ့သူများရှိလား။
မျက်စိများလည်ထွက်သွားကြလားမသိဘူး...။
ဥပမာပြောရရင် ဗိုက်လာနာလို့ အီးထွက်တော့မယ်ထင်ပြီး သွားထိုင်ပေမယ့် ဘာမှထွက်မလာလို့ ပြန်ထလိုက်ကာမှ အီးထွက်ကျတဲ့အဖြစ်မျိုးကိုပြောတာ။ ဘယ်သူကြုံဖူးကျလဲဟင်။
တခြားသူကိုပြေးမကြည့်နဲ့ ဇေယျာပိုင်ကတော့ နဖူးတွေ့ဒူးတွေ့ကြုံဖူးသွားပြီ။ သူငယ်ချင်းကို အမကောင်းလို့ ခင်ချောချစ်နဲ့ ညားပြီလေ..။
ခင်ချောချစ်ဆိုတာ တခြားသူမဟုတ်ပါဘူး။ ရန်ကုန်ကို ကျောင်းလာတက်တုန်းက ချမ်းမြေ့သော်ရဲ့ကောင်နဲ့ ပတ်သတ်ပြီး သိလာတဲ့ သူငယ်ချင်း..။
ကြိုက်တယ်ရယ်လည်း မဟုတ်ပေမယ့် အဲ့ဒီတုန်းက ပြည်လုံးချမ်းသာ အထောင်ကောင်းလို့ ဟန်ဆောင်တွဲပေးရတာရယ်၊ အဖွဲ့ထဲမှာ ဘက်ပဲ့နေတာက သူရယ်ကိုယ်ရယ်ပဲ ရှိတာဆိုတော့ စိတ်တော့ဝင်စားလိုက်မိပါသေးတယ်။ ဒါပေမယ့်လည်း အားတိုင်းယားတိုင်း ယောကျာ်းပဲလိုက်ပေးစားနေလို့ သူ့ကို crushစာရင်းကနေ ထုတ်ထားလိုက်တာ နှစ်နဲ့ချီကြာပြီ။
အခုကျတော့ ဒီလိုဟာနဲ့ ရည်းစားဘဝကို ကျော်ပြီး လင်မယားဘဝကို တန်းရောက်ရတယ်တဲ့လား။ ဇေယျာပိုင်ကိုက စောက်သုံးမကျတာပါ။ ကောင်းဆက်နိုင် ကားတင်ပြေးသွားတဲ့ကိစ္စကို မယ်မင်းကြီးမက တိုင်မယ်တောမယ် တကဲကဲလုပ်နေလို့ ဖုန်းကိုယူပြီး စက်ပိတ်လိုက်မိရာကနေစတယ်။
အဲ့ဒီမယ်မင်းကြီးမက မရမကကို ကောင်းဆက်နိုင်တို့ ခိုရိပ်ကို ခေါ်သွားခိုင်းနေလို့ ဖြေရှင်းနေရတာနဲ့တင် အိမ်အပြန်နည်းနည်းလေးနောက်ကျသွားတာကို ဟိုလဒဟိန်းတေဇက.. ဘာတဲ့..။
"သား မသိဘူး၊ ဇေယျာပိုင်နဲ့ အတူတူရှိနေတာတော့ သေချာတယ်၊ ပြန်ရောလာပါ့မလားမသိဘူး"
VOUS LISEZ
Love Flowers are in Blossom (One-Shot Collection)