Thit Khun Taut ♥ Shin Akayi Maung

322 32 15
                                    

(Unicode)

(A/N : ဆွေမောင်နည်းနဲ့ B.Y.E ဖတ်ပြီးတော့မှ ဖတ်ဖို့ အကြံပေးပါတယ်။)

ဥတုရာသီ ကောင်းမွန်ကြည်သာ၍ သစ်ခွပန်းမျိုးစိတ်တချို့ ဝေဝေဆာဆာပွင့်နေသော နေ့တစ်နေ့၌ သစ်ခွန်းတောက်တစ်ယောက် စိတ်ချမ်းသာစွာ ငုတ်တုတ်ထိုင်နေသည်။ သူ့ကိုယ်ပိုင် ပန်းဆိုင်တွင် ဖြစ်သည့်အလျောက် အလုပ်များကို ဘေးချကာ မေးလေးထောက်ရင်း အတွေးယာဉ်‌ပေါ်ဝယ် စီးမျောလျက်ရှိသည်။

အလွန်လှပြီး အလွန်တော်တဲ့ မိန်းမကို ရထားတယ်၊ အလုပ်ကောင်းတယ်၊ ပိုက်ဆံရှိတယ်၊ ကျန်းလည်းမာတယ်။ အလွန်လှပြီး အလွန်တော်တဲ့ မိန်းမကလည်း ကိုယ့်ကိုချစ်တယ်၊ အလုပ်ကလည်း ဝင်ငွေကောင်းတယ်၊ ပိုက်ဆံအိတ်ကလည်း တစ်နေ့တစ်ခြား ဖောင်းဖောင်းလာတယ်၊ ကျန်းမာရေးကလည်း ဒေါင်ဒေါင်မြည်ပဲ။ မေ့လို့.. မိသားစုကလည်း သာသာယာယာပဲ။ ဒါ့ကြောင့် သစ်ခွန်းတောက်လောက် ကံကောင်းတာ သစ်ခွန်းတောက်ပဲ ရှိမယ်ထင်တယ်။

အတွေးလွန်နေခိုက် စပ်စုစိန်တစ်ယောက် ဝင်ရောက်နှောက်ယှက်၏။

"ကိုကြီးသစ်တောက်ငှက် မျောက်ပန်းတွေ ပွင့်ပြီဆို"

"ဟမ်"

ဥာဏ်လင်းရောင်နှင့် သူ၏ယောက္ခထီးများ အလုပ်ကိစ္စကိုယ်စီရှိသဖြင့် ကလေးထိန်းခြင်းတာဝန်ကို သစ်ခွန်းတောက်ထံ လွှဲအပ်သွားကြသည့်အတွက် မင်းဗဟိုတည်ဟု ခေါ်သော မျောက်လောင်းမှာ သစ်ခွန်းတောက်၏ ပန်းဆိုင်တွင် တစ်ရက်တာ သောင်တင်နေလေသည်။ ပန်းနှင့်ယောက်ဖငယ်လေးကို သားသမီးလိုချစ်သော သစ်ခွန်းတောက်လည်း မိမိ၏ ဒုတိယသားသမီးရတနာကို မျောက်ပန်းဟု ခေါ်ဝေါ်ခံလိုက်ရသည့်အတွက် ဆွေ့ဆွေ့ခုန်သွားပြီး..

"Monkey Orchid ပါကွ၊ မျောက်မင်းသစ်ခွလို့လည်း ခေါ်တယ်။ မင်းတို့ကလေးတွေ ဘာနားလည်မှာတုန်း"

"ဟွန့် မျောက်မျက်နှာကြီးနဲ့မို့ မျောက်ပန်းလို့ ပြောတာပါ‌နော်၊ ကျွန်တော်က ဘာလဲ စွန်းဝူခုန်းပန်းကလေးလို့ လှလှပပ ခေါ်ပေးရမှာလား"

"နားတွေငြီးလိုက်တာ၊ မင်းကို တစ်နေ့တစ်နေ့ ဥာဏ်လင်းရောင် ဘယ်လိုသည်းခံလဲ မသိဘူး"

You've reached the end of published parts.

⏰ Last updated: Nov 20, 2023 ⏰

Add this story to your Library to get notified about new parts!

Love Flowers are in Blossom (One-Shot Collection)Where stories live. Discover now