True Love Season III ပြီးမှ ဖတ်ပါနော်❤
True Love Season III ပြီးမှ ဖတ်ပါနော်❤(Unicode)
"ယနေ့ နေသာ၏..."
"လေမလာ၍ ပူသည်..."
"ခရီးဝေးက လာရသည်..."
"ရေအေးအေး ပေးပါ..."
ဘုစုခရုလေးများရဲ့ စာအော်ဖတ်သံကို နားထဲမှာ ထပ်ခါတလဲလဲကြားနေရသည်။ ဪ.. နောက်ဆုံးတော့ ဂေဟာကို ရောက်လာခဲ့ရပြီ။ လာရတာ ဂေဟာမို့ တော်ပါသေးသည်၊ ဘုန်းကြီးကျောင်းမပို့တာနဲ့တင် ဟိုစုံတွဲကို ကျေးဇူးတင်လို့မဆုံး။
"အစ်ကို အလှုရှင်အမည်လေး တစ်ချက်လောက်"
"ဪ.. ကိုအဲလက်စ်သောင်းတန် အပေါင်း မောင်မဟော်မင်းမြတ်လို့ ရေးပေးလို့ရမလား"
"ရှင် ဟုတ်..ဟုတ်ကဲ့"
"အပေါင်းကိုလေ.. ကြီးသထက်ကြီး Extra Sizeကြီးလောက်နဲ့ ရေးပေးပါ"
"ရှင် ဟုတ်"
ဖြတ်ပိုင်းမှတ်တဲ့ ကလေးမလေးသည် Williamစကားတွေကို သိပ်နားလည်ပုံမရ..။ အကြောင်းအရာကတော့ လောင်းကြေးရှုံးရာကစသည်။ မဟော်မင်းမြတ်ကို တည်ကြည်မယ်ထင်ပြီး ကြေးခေါ်လိုက်မိပါတယ်၊ စပ်စလူးနတ်ပူးဖြစ်နေပြီး ကိုကိုဆိုတာ ပါးစပ်ဖျားကမချ။ အကျိုးဆက်ကတော့ စင်္ကာပူကတုံးကို အနိုင်ပေးကာ Williamပဲအလှုအတန်းပြုရသည်။
"ဒါနဲ့ နေပါဦး၊ ငါ သင်္ကန်းဖိုးပြန်တောင်းပြီးသွားပြီလား၊ Brochureဘယ်မှာလဲ.."
"အစ်ကို ညီမရေးပြီးသွားပြီရှင့်"
"အေး အေး ညီမလေး၊ အစ်ကို့ငါးသိန်း သေချာသိမ်းနော်"
"ရှင်.."
ကလေးတွေကို လှူရတာမနှောမျောပါဘူး။ ဒါပေမယ့် I Don't Give A Shitနှစ်ကောင်ကြောင့် နေရင်းထိုင်ရင်း ငွေထွက်ရတာကို ရင်နာလိုက်တာ..။ သူသာလျှာရှည်ပြီး ပွဲမစခဲ့ဘူးဆိုရင် ဘဏ်ကတ်လေးလည်း အေးအေးဆေးဆေး အိပ်နေရလောက်သည်။
William ကတ်စေးကုတ်တာမဟုတ်ပါဘူး။ တစ်ကိုယ်တည်းသမားတွေဆိုတာက နောင်ရေးကိုကြိုတွေးပြီး ခြိုးခြံရသည်လေ။ ကျောထောက်နောက်ခံမရှိဘူးဆိုတော့ ကိုယ်ပိုင်ဘိုးဘွားရိပ်သာဆောက်ဖို့ အခုကတည်းက ငွေစုထားမှ...။ဒါကို ဟိုIDGASနှစ်ကောင် နားမလည်ရှာ။ မဟော်မင်းမြတ်လေးက တော်သေးပေမယ့် BFFကြီး အဲလက်စ်သောင်းတန်ကတော့ သုံးဖြုန်းလွန်းအားကြီးသည်။ Sugar Daddyလုပ်ချင်လိုက်တာလည်း သူ့အပြင်နှစ်ယောက်မရှိဘူး။
YOU ARE READING
Love Flowers are in Blossom (One-Shot Collection)