💔Aung Ko Shein💔

515 29 30
                                    

'ညိုခဲ့လေသော်' ဖတ်ပြီးမှ ဒါလေးကို ဖတ်ပါနော်❤။
(မောင်မောင်ထွဋ် အချစ်တော်များ စိတ်လျှော့ပြီး ဖတ်ရန်)

~ ညို ~
(Unicode)

ကောင်လေးတစ်ယောက်..။ ဖြူနုနု ကောင်လေးတစ်ယောက်။ သူများနဲ့မတူတဲ့ မျက်လွှာဖူးဖူးတွေ သူ့မှာရှိသည်။ အားနာတာလား၊ အားငယ်တာလား မသဲကွဲတဲ့ မျက်ဝန်းမျိုးနဲ့ လူကို ငေးကြည့်နေတတ်သည်။ ပါးကွက်ကျားနဲ့ ပါးပြင်က တစ်ခါပြုံးလိုက်ရင် အူယားစရာကောင်းအောင် မို့တက်သွားသေးသည်။

ဦးနှောက်က မှတ်မိနေတုန်းပဲ၊ ထိုကောင်လေးကိုရော..၊ ပြီးတော့ ထိုကောင်လေးကို ချစ်မိတဲ့ အကြောင်းကိုရော..။

"ညီညီ ငါ မုန့်စားကျောင်းဆင်းတာနဲ့ လာခဲ့မယ်နော်၊ ရန်မဖြစ်နဲ့နော်၊ ဘေးကလူနဲ့ တည့်အောင်ပေါင်းနော်၊ မင်းက..."

၂၀၁၀ခုနှစ်၊ ဒီဇင်ဘာလ တစ်ရက်နေ့၊ မနက် ၇နာရီ ၃၅မိနစ်။ ခုံရှေ့မှာ ပိတ်ရပ်ထားတဲ့ စိုးရိမ်တကြီး မျက်နှာလေးကို မှင်သက်စွာ ငေးမောမိတဲ့ အခိုက်အတန့်..။ ရင်ခုန်သံတွေက ဆယ်လေးနှစ်သား အရွယ်နဲ့မလိုက်အောင် အခုန်မြန်လွန်းခဲ့သည်။ ရှစ်တန်းနှစ်ရဲ့ ပထမဆုံးနေ့ကို ဒီတသက် မမေ့နိုင်စေတာက ထိုကောင်လေးရဲ့မေးခွန်းတစ်ခုကြောင့်။

"မင်းနာမည် ဘယ်လိုခေါ်လဲ.."

"ငါ ငါလား၊ အောင်ကိုရှိန်း"

"အောင်ကိုရှိန်း၊ ညီညီ့ကို ဂရုစိုက်ပေးပါနော်"

"ကိုကို ဘာတွေပြောနေတာလဲ၊ လျှောက်မှာနေရအောင် ငါက ကလေးလား"

"အင်း မင်းက ကလေး"

"ငါက မင်းကို ပိုတောင် စိတ်မချဖြစ်သေးတယ် ကိုကို၊ သွားစို့ Aခန်းလိုက်ပို့မယ်၊ ဟိုကောင်တိုင်းကမ္ဘာကလည်း ပေါ်မလာသေးဘူး"

ပခုံးကိုဖက်ပြီး ထွက်သွားတဲ့ ကောင်လေးနှစ်ယောက်က ကြည့်လိုက်တာနဲ့ ညီအစ်ကိုမှန်း သိသာသည်။ နောက်ကျောလေးကို ငေးကြည့်ရင်း ဘယ်ဘက်ရင်အုံကို လက်နှစ်ဖက်နဲ့ ဖိထားမိသည်။ နာမည်လေးတောင် ပြန်မမေးလိုက်ရ။ ယောကျာ်းလေးချင်း ဖြစ်သော်လည်း ပခုံးချင်းယှဉ်ကာ ရင်းနှီးလို့မရတဲ့ နုညံ့မှုတွေကို ခံစားနေရသည်။ ဆယ်ကျော်သက် ဥာဏ်နဲ့မတူအောင် အကွက်ချမိတာက သူ့ညီကို တည့်အောင်ပေါင်းဖို့။

Love Flowers are in Blossom (One-Shot Collection)Tahanan ng mga kuwento. Tumuklas ngayon