Unicode
အစိမ်းသပ်သပ် နေရာတစ်ခု~
ဤနေရာသို့ခြေတစ်လှမ်းစလှမ်းမိလိုက်သည့်အချိန်~
ကပ်ခြောက်မာကြောနေသည့် လျှောက်လမ်းအပေါ်ခြေချပြီးနောက် ကျွန့်တော့်ခြေထောက်တွေဟာ အေးခဲသွားသလို တစ်စုံတစ်ခုရဲ့အရာဟာ စုပ်ယူဆွဲဆောင်နေသလိုခံစားလိုက်ရသည်။
ဘယ်အရာကိုကျွန်တော်ကြောင့်ကြနေသလိုမျိုးခံစားနေရတာလဲ?
ဘယ်အရာကရောကျွန်တော့်ကိုတမ်းတနေတာလဲ?
_______
*"ငါတို့စုံတွေ့ခဲ့ခြင်းဟာ ဘုရားသခင်ရဲ့ဆုလာဘ်တစ်ခုမဟုတ်လား...
....ငါမင်းကိုအဖိုးမဖြတ်နိုင်ဘူး....ငါရောမင်းကို...ဟင့်အင်း ငါ့လက်ကိုမလွှတ်နဲ့...မင်းမသွားရဘူး....."***
မြင်တွေ့ရခြင်းအာရုံမပါပဲဝေဝါးလွန်းပြီး စကားသံတွေကြီးသာကြားလိုက်ရတဲ့ အိမ်မက်တစ်ခုသာ~အိမ်မက်ကောင်းတစ်ခုလား အိမ်မက်ဆိုးတစ်ခုလား?
အဲ့ထဲ့ကစကားပြောနေကြတဲ့လူ၂ယောက်ကဘယ်သူတွေလဲ?ထိုအိမ်မက်ကြောင့် သတိပြန်ရလာခဲ့ပြီး လေးလံနေတဲ့မျက်ခွံ၂ခုကိုဖွင့်လိုက်သည်။
"သတိရလာပြီလား!"
"Hmmm..ကျွန်တော်ဘာဖြစ်?"
"ငါကဒီနေ့ကျောင်းဂိတ်မှာတာဝန်ကျတဲ့အားကစားဆရာပါ မင်းကျောင်းထဲဝင်ဝင်ခြင်းမှာပဲ မေ့လဲသွားတာ၊ အခု ကျောင်းက ဆေးပေးခန်းမှာ"
ခေါင်းထဲကတစ်ချက်တစ်ချက်ထိုးဆစ်မှုကိုလျစ်လျူရှုပြီး ထထိုင်လိုက်သည်။
"အာ..အဲ့လိုဖြစ်ခဲ့တာလား"
"ဒီတိုင်းမင်းအားနည်းသွားလို့ဖြစ်သွားတာ ခု ဘာမှမဖြစ်တော့ဘူး အဆင်ပြေတယ်မလား သက်သာရဲ့လား?"
"ဟုတ် ကျွန်တော်အဆင်ပြေပါတယ်"
"မင်းက Uniformတောင်မပါတော့ကျောင်းသားအသစ်ဖြစ်မယ်"
"ဟုတ် ကျွန်တော်ဒီနေ့မှရောက်တာပါ"
"မင်းအတန်းဆရာကိုသွားပြောရမှာပဲ ခဏလေးနော် ပြန်လာခဲ့မယ်"
_____
YOU ARE READING
Parallel Line Between Us(Completed)
Fanfiction•အချိန်တစ်ခုဟာ ဘယ်အရာကိုမှမစောင့်ဆိုင်း •သူတို့၏ကံကြမ္မာအဆုံးသတ်ဟာလှပလွန်းသည် (A Short Story)