လှုပ်လီလှုပ်လဲ့ယိုင်တိုင်တိုင်ခြေထောက်ဖြူဖြူဖွေးဖွေးလေးများဟာ ရေနွေးအိတ်များပေါ်တွင်ထပ်ကာခင်းထားသောစောင်ထူထူပေါ်၌ မနည်းရပ်တည်နေရရှာ၏။
လက်သေးသေးလေးနှစ်ဖက်ဟာအစွမ်းကုန်ဆန့်တန်းကာ ကျွန်တော့်ကို ချီပွေ့ရန်တောင်းဆိုနေလေသည်။ နီရဲရဲနှုတ်ခမ်းသေးသေးလေးမှ မပီမပြင်စကားသံလေးများသည် အတော်အတန်ကျယ်သည့် တိုက်ခန်းထဲ၌ စူးစူးရှရှပြန့်လွင့်နေသည်။
" ဒီဒီ ရှီ (ချီ) "
" ဟင့်အင်း မချီဘူး daddy ဆီကိုရောက်အောင်လာခဲ့ "
အပေါ်အောက်ဆင်တူဝတ်ပေးထားသည့်ကာတွန်းရုပ်ညအိပ်ဝတ်စုံလေးဖြင့် အလွန်ချစ်စဖွယ်ကောင်းနေသောကလေးငယ်သည် ကြိုးပန်းစွာလမ်းလျှောက်နေရင်းက ပုံခနဲလဲကျသွားသည်။ ထို့နောက် ခြေသလုံးသေးသေးလေးများဖြင့်အားယူကာတစ်ဖန်ပြန်ထလာသည်။
ကလေးငယ်သည် လုံလောက်သောအာဟာရကို အပြည့်အဝမရရှိခဲ့သောကြောင့် အရာရာ၌အနည်းငယ်နှောင့်နှေးနေသည်။ နှစ်နှစ်ကျော်ကာ သုံးနှစ်ပြည့်တော့မည်ဖြစ်သော်လည်း ကလေးငယ်သည် လမ်းကောင်းကောင်းမလျှောက်တတ်သေးသလို အခြားကလေးငယ်များလိုလည်း စကားလည်း ကောင်းကောင်းမပြောတတ်သေးပေ။
အသက်ဆယ့်ခြောက်နှစ်အရွယ်လူတစ်ယောက်ရဲ့ ပျိုးထောင်မှုအောက်တွင် ဤလူသားငယ်သည် အခန်းငယ်လေးတစ်ခန်းထဲ၌သာ ငြိမ်တိတ်စွာ ကြီးပြင်းလာခဲ့ရသည်။ နှစ်ဆယ့်လေးနာရီလုံး အချိန်ပိုင်းလုပ်များနှင့် လုံးပန်းနေခဲ့ရသောကျွန်တော်သည် ဤကလေးအား ကောင်းမွန်စွာ ဂရုမစိုက်နိုင်ခဲ့ပါ။ ပတ်ဝန်းကျင်၏အမေးစကားများကို ပြေလည်စွာ ဖြေရှင်းရန် အကြောင်းပြချက်မရှိသည့်အခါ ကျွန်တော်သည် နေရာများစွာပြောင်းရင်း အလုပ်ပေါင်းများစွာကို အသက်အရွယ်နှင့်မလိုက်အောင် ကြိုးစားလုပ်ကိုင်ခဲ့အပြီး ကျွန်တော့်အသက်ဆယ့်ရှစ်နှစ်ပြည့်သည့်နှစ်တွင် ဤတိုက်ခန်းနှင့် ဝင်ငွေကောင်းကောင်းရသည့်အလုပ်တစ်ခုကို ရှာဖွေတွေ့ရှိနေပြီဖြစ်သည်။ လိုအပ်သည့်ဂရုစိုက်မှုတို့အားမရခဲ့သောကလေးငယ်သည် ကျန်းမာရေးလည်း ခြူချာလှသည်။ ကလေးငယ်၏ အသားအရည်ဟာ နှင်းပွင့်လေးများလိုစွတ်စွတ်ဖြူနေသလို ပန်းပွင့်ငယ်လေးများလို နူးညံ့လှသည်။ နှာတံသွယ်သွယ်လေးဟာ ကြီးလာလျှင်မည်သည့်ပုံစံလေးဖြစ်သွားမလဲ ကျွန်တော် အလွန်စိတ်ဝင်စားပါသည်။
YOU ARE READING
𝐘𝐨𝐮𝐫 𝐋𝐢𝐟𝐞 𝐌𝐲 𝐋𝐢𝐟𝐞 𝐎𝐮𝐫 𝐋𝐢𝐟𝐞
Fanfictionမင်းရဲ့ဘဝ ကိုယ့်ရဲ့ဘဝ ကိုယ်တို့ရဲ့ဘဝ Started date _ 2021/06/21 Ended date _