ပထမအကြိမ်တွေ့ဆုံခြင်း

337 28 7
                                    

ပထမဆုံး ရုပ်ပုံကားချပ်က တဖွဲဖွဲကျနေတဲ့ မိုးစက်တွေပဲ

August ရဲ့ မိုးစက်တွေက ဆေးရုံက စထွက်လာချိန်ကတည်းက စပြီး ဂျူဟျွန်းကို ဒုက္ခ ပေးတယ်

ထီးကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ပြီး စိုစွတ်ချောမွတ်နေတဲ့ ပလက်ဖောင်းပေါ် ခြေလှမ်းမှားပြီး ချော်မလဲအောင်သတိထားလျှောက်နေရတယ်

လမ်းလေးခွဆုံမှာ သန်းခေါင်ချိန်နီးပြီမို့
လူအသွားအလာ ကားအသွားအလာ
မရှိသလောက် နည်းနေတယ်ဆိုပေမယ့်
ကားလမ်းကူးဖို့တော့ ဘယ်ညာကြည့်သင့်တာကြောင့် ပလက်ဖောင်းစွန်းမှာ
ခြေလှမ်းတွေကို ရပ်တန့်လိုက်ရင်း
အတွေးထဲမှာ အိမ်က ရေခဲသေတ္တာ ကောင်းကောင်းမွန်မွန် စားစရာမရှိတော့တာသတိရမိတယ်

ကားလမ်းကူးပြီး နည်းနည်းထပ်လျှောက်ရင် ဂျူဟျွန်းရဲ့တိုက်ခန်းရှိတဲဲ့ အိမ်ရာဝင်းကို ရောက်ပြီ

အိမ်ရာဝင်းရဲ့တည့်တည့် မျက်နှာချင်းဆိုင်မှာရှိတဲ့ စား​သောက်ဆိုင်က ပိတ်လောက်ပြီ မျက်စောင်းထိုးမှာ နှစ်ဆယ့်လေးနာရီဖွင့်တဲ့
စတိုးလေးရှိတာ တကယ့် ကံကောင်းမှုပဲ

'ဒီနေ့တော့ ခေါက်ဆွဲခြောက်နဲ့ ညားဦးမှာပဲ ကြက်ဥပြုတ်လည်းထည့်ရမယ် အသင့်စားတော့ပိုကီလည်း စားချင်လိုက်တာ'

စားချင်တာလေးတွေတန်းစီ စဥ်းစားပြီး
ဘဘောတကျပြုံးမိနေတုန်း
ဘေးနားက အဖြူရောင်ပုံရိပ်လေး
လှစ်ခနဲ ပြေးထွက်သွားတာ မြင်လိုက်တယ်

"ဘုရားရေ... "

မတိုးမကျယ် အာမေဠိတ်စကားကို ရေရွတ်မိရင်း
ခပ်စူးစူး ကားမီးရောင်ရှေ့က မလှုပ်မယှက် အဖြူရောင် ဖျော့ဖျော့ သဏ္ဌာန်လေးကြောင့် အသက်ကို မနည်း ပင့်ရှိုက်လို့ မဆုံးခင်ပဲ

အဖြစ်အပျက်တွေက မြန်ဆန်လွန်းတယ် ပလက်ဖောင်းပေါ်တင်ကျန်ခဲ့တဲ့
ထီးတစ်ချောင်း

ဆဲဆိုသံအချို့နဲ့
ဘေးနားက ပွတ်သီးပွတ်သပ် ဖြတ်သွားတဲ့ ကားတစ်စီး
ပြီးတော့ ကားလမ်းမလယ်​ခေါင်မှာ ရပ်နေတဲ့
ဂျူဟျွန်း

ရင်ခွင်ထဲမှာက အဖြူရောင်...

ခါးကိုတင်းတင်း ဖက်ယှက်ထားတာကို အနည်းငယ်ဖြေလျော့လိုက်ပြီး ရင်ခွင်ထဲ ငြိမ်သက်နေတဲ့ အဖြူရောင်ကို ငုံကြည့်မိတော့ စူးစူးရှရှ အညိုရောင် မျက်ဝန်းတစ်စုံ နဲ့
ဆုံတယ်

Cry On My ShoulderWhere stories live. Discover now