/5/အဆက်

4.4K 666 6
                                    

🍁 Unicode 🍁

"အားးးးးးးးးး"

စုရွမ်ရွမ် မီးဖိုချောင်သုံးဓါးကိုသယ်ပြီး အထိန်းကွပ်မဲ့စွာ ပြေးတော့သည်။သူမ သေချင်ပေမယ့် အဲ့ဒါကိုမလုပ်နိုင်ပေ။လက်ရှိစုရွမ်ရွမ်မှာ ဒီထက်ပိုမြန်မြန်ပြေးနိုင်ရန် သူမတွင် ခြေထောက်လေးချောင်းရှိလာဖို့သာမျှော်လင့်နေသည်။ခွေးပါးစပ်မှာ ထက်ရှလွန်းသည်။သူမ ‌မသေခင် သူမကို ၁၇ ကြိမ် လား၊ ၁၈ ကြိမ် လား ခုတ်ပိုင်းခဲ့သော အမျိုးသားဇာတ်လိုက်ကို မကြိုက်ပေ။

စုရွမ်ရွမ် စိတ်အားထက်သန်စွာပြေးနေပြီး ရှေ့ကိုဟက်ထိုးလဲကျသွားသည်။

ဇွန်ဘီခွေးမှာ ' Whoop'ဆိုသောအသံနှင့်အတူ အပြေးအလွှားလာလေ၏။စုရွမ်ရွမ် သူမခြေထောက်အောက်က ဘာမှန်းမသိသောအရာအား ဆွဲလိုက်ပြီး မျက်နှာကိုကာလိုက်သည်။

အိုး၊ငါ့မျက်နှာကိုမကိုက်နဲ့ ။

"Ooo Ooo Ooo......."

ရုတ်တရတ် အော်သံသေးသေးလေးအား သူမနားထဲမှကြားရသည်။စုရွမ်ရွမ် သူမမျက်လုံးအား ဖြည်းဖြည်းချင်းဖွင့်လိုက်ပြီး သူမကိုင်ထားသောအရာမှာ အမှန်တကယ်တော့ ခွေးပေါက်လေးတစ်ကောင်ဖြစ်သည်အားတွေ့လိုက်ရသည်။ခွေးပေါက်လေးမှာ ပျော်ရွှင်စွာဖြင့်သူမအား လျှာဖြင့်လျှက်နေခဲ့သည် ။

နင်ဘာကြောင့်ပြန်လာတာလဲ?

ရုတ်တရတ် စုရွမ်ရွမ် ဒီအဖြူရောင်ခွေးပေါက်လေးမှာ ဇွန်ဘီခွေးနှင့်တူသည်ကို ရှာတွေ့လိုက်သည်။
ဒီခွေးနာမည်က ဘာလဲ?

"စုရွမ်ရွမ် ၊နင်ဘာလုပ်နေတာလဲ?"

နီးယန်နှင့် တခြားသူများမှာ လှုပ်ရှားမှုအား ကြား၍ အပြေးအလွှားလာကြည့်ရာ ရန်သူတစ်ယောက်ဟု ထင်ရသော ဇွန်ဘီ ခွေးကို မြင်လိုက်သည်။

သူမအရင်ဘ၀တွင် နီးယန်မှာ ဤဇွန်ဘီ ခွေးအား မမျှော်လင့်ဘဲ ဆုံဆည်းခဲ့ဖူးသည်။သန္ဓေပြောင်းပြီးနောက် ထိုခွေး၏ လှုပ်ရှားမှုများမှာ မြန်ဆန်လွန်းပြီး ကျည်ဆန်ကိုတောင်မှ ရှောင်တိမ်းနိုင်ခဲ့သည်။

နီးယန် မျက်နှာပေါ်မှချွေးများ စိမ့်ထွက်လာသည်။လူတိုင်းမှာ မျက်နှာဖြူဖျော့ကာ ကြည့်နေခဲ့ပြီး သူတို့၏ မျက်နှာပေါ်တွင် သွယ်လျသောမိန်းကလေးအား နှမြောတသဖြစ်မှုနှင့်ကြည့်နေခဲ့သည်။မည်သည့် တစ်စုံတစ်ယောက်မှ သူမရှေ့သို့လာပြီး မရပ်တန့်ပေ။ဤသည်မှာ ကမ္ဘာပျက်ကပ်ကာလ၏ရက်စက်မူပင် ဖြစ်လေသည်။

ကမ္ဘာပျက်ကပ်၌ ကျောင်းကျောင်း နေ့တိုင်း ရုန်းကန်နေရတယ် 🍀ဘာသာပြန်✓✓✓Wo Geschichten leben. Entdecke jetzt