Extra (5)

3.2K 426 28
                                    

နင့်ကို ပန်းလေးတစ်ပွင့်ပေးပါ့မယ်

သုံးနှစ်ကြာ အလုပ်ကြိုးစားပြီး ကာကွယ်ဆေးထိုးပြီးနောက် ဇွန်ဘီများ၏ စိတ်များ ပြန်လည်ကောင်းမွန်လာပြီး ဇွန်ဘီမြို့တော်လည်း မရှိတော့ဘဲ လူ့သမိုင်း ယဉ်ကျေးမှုသည် အသစ်တဖန် ပြန်လည်စတင်လာခဲ့သည်။

ကမ္ဘာသစ်သည် ရဲတိုက်အား ဗဟိုဧရိယာ အဖြစ်ယူကာ မြေယာပိုင်းခြားမှုစနစ်ကို အကောင်အထည်ဖော်ပြီး အတိုင်းအတာကို တဖြည်းဖြည်း ချဲ့ထွင်လေသည်။

တစ်ချိန်တည်းမှာပင် ကဏ္ဍပေါင်းစုံ ဖွံ့ဖြိုးတိုးတက်ရေးသည်လည်း အရှိန်အဟုန်ဖြင့် တိုးတက်လျက်ရှိသည်။

ငြိမ်းချမ်းသာယာသော ဤနေ့တွင် ရဲတိုက်၏ ဗဟိုဧရိယာသည် ပထမဆုံးသော ခေတ်လွန် တက္ကသိုလ်ကို ဖွင့်လှစ်ခဲ့သည်။ တက္ကသိုလ်သည် ဇွန်ဘီရောဂါကို မသင်မနေရ သင်တန်းတစ်ခုအဖြစ် ကမ်းလှမ်းခဲ့ပြီး ဇွန်ဘီများကို လေ့လာရန်အတွက် ကမ္ဘာ့ပထမဆုံးသော မေဂျာကို ဖန်တီးခဲ့သည်။

ထိုမေဂျာကို ဈာပနဆေးပညာဟု ခေါ်တွင်၏။

ဈာပနဆေးပညာ၏ ပါမောက္ခ တဖြစ်လဲ လုရှီမင်သည် တနင်္လာနေ့တိုင်း အတန်းကြီးတစ်တန်း သင်ကြားပေးလေ့ရှိ၏။ ထို့နောက် အိမ်က မိသားစု၏ ထမင်းလေးပုံးစာကို ဤမလောက်မငှလစာဖြင့် နေ့စဉ် မှီခို အားကိုးနေရသည်။

အဘယ်ကြောင့်ဆိုသော် ဇွန်ဘီကာကွယ်ဆေးထိုးပြီးကတည်းက ဇွန်ဘီခွေးသည်လည်း ဝက်ထက်ပင် ပိုစားလာသောကြောင့် ဖြစ်သည်။မိသားစုတွင် ဝက်လေးကောင် ရှိနေသဖြင့် လုရှီမင်သည် ဘဝ၏ ဖိအားများကို ခံစားနေရသည်။

အမျိုးသားက အိမ်တံခါးဝ၌ ရပ်နေ၏။

အဖြူရောင်ရှပ်ကိုဝတ်ထားပြီး လက်ထဲတွင် ရုံးသုံး လက်ဆွဲအိတ် တစ်လုံးကိုင်ထားကာ ကောင်းမွန်တဲ့ အနက်ရောင်ဆံပင်တွေကို သေသေသပ်သပ် ဖြီးထားလျက် ခန့်ညားသော မျက်နှာကို ပေါ်လွင်နေစေ၏။

စုရွမ်ရွမ်က လုဖန်ထုန်(🍂:ဖန်ထုန်က အိမ်ခေါ် နာမည် ထမင်းပုံးပါ)ကို ခေါ်လာတော့ သူက လုရှီမင်ပေါင်ကို ဖက်လိုက်ပြီး "သားလည်း အဖေနဲ့အတူ လိုက်ချင်တယ်။"

ကမ္ဘာပျက်ကပ်၌ ကျောင်းကျောင်း နေ့တိုင်း ရုန်းကန်နေရတယ် 🍀ဘာသာပြန်✓✓✓Where stories live. Discover now