ရှောင်ယွီက ဘာကြောင့်ဆိုတာတော မပြောခဲ့ပေ။
သူပြောတာကတော့ "စုရွမ်ရွမ်နဲ့ နွေဦးဝိဉာဉ် ရေ"လို့ထင်ရတဲ့ လုရှီမင် ပြောတဲ့စကား နှစ်ခွန်းကိုသာလျှင် မပီမသကြားမိထားတာ ဖြစ်သည် တဲ့။
နွေဦးဝိဉာဉ်ရေ? ဘာ နွေဦးဝိဉာဉ်ရေလဲ?
လုရှီမင် Space ရှိသည်ကို ဘယ်သူ့မှမသိထားကြပေ။
Space ရှိတာကို မသိဘူးဆိုတည်းက မှော်ရေကန်ဆိုတာကိုလည်း သိတော့မှာ မဟုတ်။
သဲလွန်စက ထပ်မံပြက်တောက်သွားပုံပေါ်ကာ အရာအားလုံးကို လုရှီမင်နိုးလာတော့မှသာ အဖြေပေးနိုင်လိမ့်မည်။
နောက်ထိုင်ခုံပေါ်က လုရှီမင်ကို ကိုင်ထားကာ တစ်ယောက်တည်း ထိုင်နေတဲ့ စုရွမ်ရွမ်က ထိုင်မြဲ ထိုင်နေ၏။
သူမ အိပ်ပျော်နေဆဲဖြစ်သည့် လုရှီမင်ကို ငုံ့ကြည့်လိုက်သည်။
အမျိုးသားရဲ့ ပိန်ပါးသောခန္ဓာကိုယ်က သူမ ဒူးပေါ်မှီထားပြီး၊ သူ့အနက်ရောင်ဆံပင်များက ပျံ့ကြဲနေလျက် သူ့မျက်လုံး၊ မျက်ခုံးများကို ဖုံးအုပ်ထားသည်။သူ့ကိုယ်ကို စောင်လွှမ်းခြုံထားပြီး သူ့အသားက ဖြူဖျော့လွန်းနေကာ အသက်ရှူသံဖျော့ဖျော့နှင့် သက်မဲ့ ကျောက်တုံးလိုပင်။
စုရွမ်ရွမ်သည် လက်မြောက်ကာ လုရှီမင် မျက်နှာကို ထိုးလိုက်ရင်း ရုတ်တရက် တစ်ခုခုကို သတိရသွားသည်။
လုရှီမင်Space ထဲရှိမှော်ရေကန်သည် တစ်ချိန်လုံး ခြောက်သွေ့နေပုံရသည်။သူမ သူနဲ့အတူ ဘယ်လောက်များတဲ့ အချစ်တွေ သွန်းလောင်းပါစေ ၎င်းက ခြောက်သွေ့မြဲ ခြောက်သွေ့ဆဲ။
နွေဦးဝိဉာဉ်ရေရဲ့ ကုသနိုင်စွမ်းက အတော်လေး စွမ်းအားပြည့်ဝသည်။
သို့သော်လည်း ယခုအချိန်ထိ အမျိုးသားက ကိုယ်မှာ လောင်ကျွမ်းနေဆဲဖြစ်ပြီး အပြီး ပြတ် မကုသနိုင်ခဲ့ပေ။
အဲ့ဒါက မှော်ရေကန် မပေါ်လာသေးကြောင်းကို သက်သေပြနေ၏။
"လုရှီမင်၊ ကျွန်မ ရှင့် Space ထဲ၀င်ချင်တယ်။ ကျွန်မကို ဝင်ခွင့်ပေးပါ။"
YOU ARE READING
ကမ္ဘာပျက်ကပ်၌ ကျောင်းကျောင်း နေ့တိုင်း ရုန်းကန်နေရတယ် 🍀ဘာသာပြန်✓✓✓
RomanceI don't own this story. Credit to Original Author/s and English Translator/s. Title-In the Apocalpyse,Jiao Jiao Struggled Every Day [JJSED] Author - Tián Yuán Pào English translator - winter_yanyan Status in COO - 50 Chapters+ 6 Extras ( Complete...