Episode 12

2K 211 81
                                    


ယောကျ်ားလေးတစ်ယောက်နဲ့ဒီလိုဒိတ်တာတခါမှအတွေ့အကြုံမရှိတဲ့ကျွန်တော့အဖို့ကတော့မဟာစွန့်စားခန်းကြီးပဲနှစ်ရှည်လများစိတ်ကူးယဥ်ခဲ့တာကတော့ အသဲကျော်လေး Kenနဲ့ပေါ့ ဖြစ်နေတာကတော့ကုကုနဲ့

မဆိုးပါဘူးကုကုကလဲရင်ခုန်အောင်လုပ်နိုင်သားပဲ ချစ်တာလားဆိုတော့လဲမဟုတ်လောက်ဘူးဘယ်လိုပြောရမလဲလူငယ်သဘာ၀စိတ်ကစားတာခုချိန်မှာတော့

Ken ဖြစ်ဖြစ် Kook ဖြစ်ဖြစ် ကင်ဆော့ဂျင်တို့ကဘာလာလာဒေါင်းမှာပဲရင်ခုန်ရတာကိုး ဟိဟိ

စိတ်ကူးထဲမှာတော့ချစ်ရည်ရွှန်းလဲ့မျက်၀န်းတွေနဲ့တယောက်ကိုတယောက်စိုက်ကြည့်ပြီးအနမ်းချင်းတွေဖလှယ်အာဘွားတွေရှလူးနေပြီ ကုကုလက်တွေက ကျွန်တော့အကျီထဲတောင်ရောက်နေပြီ အိုက်စ်...

စက်ဘီးပေါ်မှာကုကုကျောလေးကိုမှီပြီးမျက်စိမှိတ်ထားတာအကောင်းမဟုတ်ဘူးစိတ်ကူးယဥ်နေတာရင်တွေကလဲခုန်သလားမမေးနဲ့ ဖိုးသို့ဖတ်သတ်ကိုဖြစ်လို့ လမ်းကြားထဲကဟိုအုတ်ကြားမြက်ပေါက်စက်ဘီးအရှိန်နဲ့၀င်မအောင်းခင်အထိပေါ့ဗျာ

ရှေ့ကဖင်လိမ်တွန့်လိမ်တွန့်နဲ့စက်ဘီးတွန်းသွားတဲ့အကောင်ကိုပြေးပြေးကန်ချင်သမှခြေထောက်ကိုယားခံနေတာပဲ တော်တော်တော့အီသွားပုံရတယ် ထော့နဲ့ထော့နဲ့နဲ့မသနားပေါင် သာသနာဖျက်လေး ဖြစ်ပုံကကုကုဆီကချစ်စကားကြိုက်စကားတောင်မကြားရသေးဘူး ဂြိုလ်ဆိုး၀င်တာပဲ မသိရင်အချိန်ကိုက် တမင်၀င်တိုက်သလားပဲ အရေးကောင်းဒိန်းဒေါင်ဖျက်.

ကုကုကတော့ထူးပေဆန်းပေသည်လို့ထင်မလားတော့မသိ ကျွန်တော်ကတော့ကိုယ့်၀မ်းနာကိုယ်သာသိဗျ အကြီးပေမဲ့ဒီကောင့်ကိုကျွန်တော်ကြောက်ရတယ် ဒီကောင့်ကောင်းမှုနဲ့ကျွန်တော့ခန္ဓာကိုယ်ကရှိသမျှအရိုးတွေအားလုံးကျိုးမလိုဖြစ်တာ ၁၃၆ခါလောက်ရှိပြီဆိုတော့လည်းကြောက်ရတာပေါ့

အိမ်ရောက်ပြီးခဏကြာတော့ ဒင်းကိုပညာပေးဖို့စိတ်နှလုံးဒုံးဒုံးချဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်းကိုယ့်ဘာကိုယ်ကြားအောင်ပြောရင်း ဆိုဖာပေါ်အခန့်သားထိုင်ကာ ဟာသကားကိုဖွင့်ထားပြီးမရယ်ပဲ တီဘီကိုစိုက်ကြည့်နေတဲ့သကောင့်သားခေါင်းပေါ်ကိုရေဖန်ခွက်တစ်ခွက်စာလောက်လောင်းချခဲ့ပြီးတစ်ချက်မှနောက်ပြန်လှည့်မကြည့်ပဲအပေါ်ထပ်ကိုလေအလျင်နဲ့ပြေးတက်ခဲ့ပြီးသကာလ အခန်းထဲ၀င်ချက်ချလိုက်ပြီတမုံ့ ကနေ့အတွက်လက်စားချေခြင်းအနုပညာကတော့လှလှပပသပ်သပ်ရပ်ရပ်ကိုပြီးမြောက်သွားချေပြီ

My Brother ( On Hold)Where stories live. Discover now