Episode 11

1.7K 207 96
                                    

KSJ, Ken 8 years old

KTH 5 years old



"မင်းအိမ်ကချစ်စရာလေး နေချင်စဖွယ်လေးပဲ ဂျင်"

"အင်းနောက်လဲအမြဲလာလည်လေ Ken ငါ့အဖေနဲ့အမေကသဘောကောင်းတယ်ပြီး ငါ့ညီလေးကလဲအေးပါတယ်"

"လာပါဦး Tae Tae ရဲ့"  Kenရောက်လာကတည်းကဆော့လက်စအရုပ်တွေဘေးချပြီး သူ့ဘေးနားမှာနှုတ်ခမ်းစူပြီးထိုင်နေသောညီတော်မောင်လေးကိုဂျင်ပေါင်ပေါ်ချီလိုက်သည်

"မင်းညီလေးက ချစ်စရာလေးပဲ မင်းနဲ့တော့ရုပ်သိပ်မတူဘူးနော်"

"ဟင်း ငါကပိုချစ်စရာကောင်းတာပါကွာ မဟုတ်ဘူးလား"

ဂျင်နှုတ်ခမ်းလေးထော်ကာပြောလိုက်တော့ Ken မှာငေးကနဲ

"အေးပါကွာ ငါ့သူငယ်ချင်းအချောဆုံးဟုတ်ပြီလား ဟားဟား"

ပြောရင်းဂျင့်ပါးလေးကိုညှစ်လိုက်သည်မို့ ရှက်ကာပါးလေးနှစ်ဖက်မှာရဲခနဲ

ဒါကတော့ဂျင်သူ့ရဲ့သူငယ်ချင်းတစ်ဖြစ်လဲCrush ကြီးကိုပထမဆုံးအိမ်ခေါ်လာသည့်အခြေအနေ

"ဂျင်ငါToiletသွားလိုက်ဦးမယ်"

"အင်းအပေါ်ကိုတက်သွားလိုက် ထိပ်ဆုံးတွေ့တဲ့အခန်းကငါ့အခန်းပဲ အဲ့ကိုသွားလိုက်"

အမှန်ကအောက်မှာလဲအိမ်သာရှိသည် ဒါပေမယ့်ဂျင်အပေါ်ထပ်ကသူ့အခန်းကိုလွှတ်လိုက်ခြင်းကသက်သက်အကြောင်းရှိ၏ သူ့ကုတင်ဘေးတွင်ထောင်ထားသောသူနှင့်Ken တွဲရိုက်ထားသောပုံကလေးအားမြင်စေချင်လို၍..

"Jinnie  Tae Tae လဲအပေါ်သွားမယ်"

"အေးအေးဟုတ်ပါပြီ သွားအိပ်တော့မလို့လား

"ဟုတ်"

ဂျင်လဲKenကိုစောင့်ရင်းတီဘီမှာပြနေတဲ့ရုပ်ရှင်ကိုသာအာရုံစိုက်ကြည့်နေလိုက်သည် Crushကြီးနှင့်တအိမ်ထဲအတူရှိနေ၍လားမသိ ရင်ခုန်သံတွေကသိပ်မမှန်ချင် Ken အ‌ပေါ်တက်သွားတာကိုတီဘီကြည့်စောင့်နေရင်းနာရီ၀က်ကနေလေးဆယ့်ငါးမိနစ်လောက်ရှိလာတော့ အ‌ပေါ်လိုက်တက်ဖို့ပြင်ရသည် Kenဘာများဖြစ်လို့အဲ့လောက်ကြာနေရတာတုန်း*

My Brother ( On Hold)Where stories live. Discover now